Home » » တက်သစ်စ အဆိုတော် Air Air နှင့် အင်တာဗျူး

တက်သစ်စ အဆိုတော် Air Air နှင့် အင်တာဗျူး

Written By နေဇော် လင်း on Thursday, October 6, 2011 | 10:00:00 AM

http://api.ning.com/files/VnO4Np6EWBGOApaDFYGuW*zo2BSXBjgwrvzOmoQtshX0Tb0SFOAGoH0jDX*Dg4tyc3ZSBofs4teNXBQaXlX79Z6Gz9xkmejg/air2.gif

ဒီတစ်ခါ စာဖတ်သူ သူငယ်ချင်းများကို တက်သစ်စ အဆိုတော်လေးတွေ အများကြီး ရှိနေတဲ့ အထဲက ဝါသနာအရ သီချင်းတွေကို သီဆိုဖြစ်တဲ့ အဆိုတော် အသစ်တစ်ယောက် နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဝါသနာ အရ အဆိုတော် ဆိုတဲ့ နေရာတစ်ခု ရအောင် ကြီုးစားနေတဲ့ သူလေး တစ်ယောက်ပါ။ သူက ဘယ်သူလဲ ဆိုတာကတော့ စာဖတ်ပရိတ်သတ်များ သိအောင် သူ့ရဲ့ အကြောင်းတွေကို ဒီလို ဒီလို အင်တာဗျုးလေး မေးကြည့်ဖြစ်ပါတယ်။

HELLO
မင်္ဂလာပါ ခင်ဗျာ ....

ဟုတ် မင်္ဂလာပါ။

အင်တာဗျုးလေး မေးချင်ပါတယ်။ အချိန်ရရင် ဖြေပေးပါနော်

ဟုတ်ကဲ့ ရပါတယ်ရှင့် ....

အခု ပထမဆုံး မေးခွန်းလေးကို စမေးပြီနော် ....

မေး = နာမည်လေး သိပါရစေ ...

အဲအဲ (Air Air) ပါ။

မေး = မွေးနေ့လေးကို ပြောပြပေးလို့ ရမလား ?

15.10.89 ပါ။

မေး = အခုလက်ရှိ ဘယ်မှာနေတာလဲ ?

လက်ရှိ နေနေတာကတော့ မော်လမြိုင်မှာ နေတာပါ။

မေး = မိဘတွေ နာမည်ကရော

ဦးညွန့်တင်၊ ဒေါ်သီတာမျိုးမြင့် ပါ။

မေး = မွေးချင်းဘယ်နှစ်ယောက် ရှိလဲ ?

နှစ်ယောက် ရှိပါတယ်ရှင့်။ အဲအဲ ကအငယ်ပါ။ အစ်မ တစ်ယောက်ရှိပါတယ်။

မေး = ဇာတိက ဘယ်ကလဲ ?

မော်လမြိုင်ဇာတိပါ။

မေး = ပညာအရည်အချင်းကရော ပြောပြပေးလို့ ရမလား ?

ဟုတ် ရူပဗေဒနဲ့ ဘွဲ့ရထားပါတယ်။

မေး = Air Air (အဲအဲ) ဆိုတဲ့နာမည်လေး ကို လူသိများတယ်နော် ဒီနာမည်လေးကို ဘယ်လို ပေးဖြစ်သွားတာလဲဆိုတာ ပြောပြပေးပါလား ?

ဟုတ် .... အိုက်နာမည်လေးက 15.10.89 ရက်နေ့မှာ ဖေကြီးနဲ့ မေကြီး ပေးခဲ့တဲ့ နာမည်လေးပါ။တနင်္ဂနွေနေ့မှာ မွေးခဲ့လို့ အဲအဲ ဆိုပြီး နာမည်ပေးဖြစ်တာပါ။

မေး = Air Air ရဲ့ နာမည်အရင်းက

အိမြတ်မြတ်မွန် ပါ။

မေး = Air Air သီချင်းတွေကို သီဆိုရတာ ဝါသနာပါတယ်ဆိုတော့ ဘယ်တုန်းက သတိထား မိခဲ့တာလဲ ?

ဟုတ် သုံးတန်းလောက်မှာ ကျောင်းက ဖွင့်ပွဲတစ်ခုမှာ မြန်မာကျောင်းသီချင်း စဆိုတဲ့အချိန်ပါ။ အမှန်က အ၀တ်စား လှလှလေးတွေဝတ်ချင်လို့ ပါလိုက်တာ။ အိုက် ကနေမှ စပြီး မိုက်ကို ကြိုက်သွားတာ။

မေး = သီချင်းတွေကို ဘယ်တုန်းက စပြီး သီဆိုဖြစ်လဲ ?

သုံးတန်းလောက်ကတည်း ဆိုဖြစ်တာ ကျောင်းကပွဲတွေပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။ Underground ထဲကို စရောက်တာ 2010 နှစ်ကုန်လောက်က ပေါ့နော့်။ အိုက်ကနေမှ စတူဒီယိုတွေမှာ သီချင်းစ ဆိုဘူးပီး မိုက်ကရိုဖုန်းနဲ့ ရင်းနှီးသွားတာပါ။

မေး = ဘယ်လို သီချင်း အမျိုးအစားကို သီဆိုရတာ ကြိုက်တာလဲ ?

ဟုတ် ငယ်ငယ်ကတည်း က Hip Hop သီချင်းလေးတွေကြိုက်တယ်။ *အကုန်လုံးထကြ အကုန်လုံးထက * အိုက်သီချင်းလေးပေါ့။ အခုတော့ R&B ပုံစံလေးတွေ ဆိုရတာ ကိုကြိုက်တယ်။ Pop ဆန်ဆန် သီချင်းမျိုးပေါ့ အိုက်ဒါမျိုးလဲ ကြိုက်တယ်။

မေး = ပထမဆုံး သီချင်း ဆိုတဲ့အချိန်မှာ ရင်ထဲက ခံစားမှုတစ်ခုခု ရှိရင် ပြောပြပေးပါလား ?

အရမ်းကြိုက်သွားတာ အိုက်ဒီ ဖီလင်ကို ဘယ်တော့မှမမေ့ဘူး။

http://api.ning.com/files/7ByS0TlnYdqws-R46UIzRK5bMqlmQNSZOuMb4fkCv*tJiol8YtSTuOcIPHLxVrgy3hl5BCR*GdJ3AAVgo3Ff*XTe7GaE-7NP/airlogo.jpg?width=750

မေး = သီဆိုဖြစ်တဲ့ သီချင်းနာမည်လေးတွေကို ပြောပြပေးပါလား ?

ဟုတ် .... ဆိုဖြစ်တဲ့ သီချင်းတွေက

မင်းကြောင့်

New My Heart Beat

အနားမှာနေချင်တယ်

Baby Only With U

ကဲလိုက် ဆိုတဲ့ သင်္ကြန်သီချင်း

ရင်ခုန်ရင်အချစ်ပဲ

Love Valentine

Love U & Me

နင်ပြန်ခဲ့ပါ။

အမြဲမင်းနဲ့ သီချင်း

တွေဖြစ်ပါတယ်။

မေး = အခုလက်ရှိ ဆိုထားတဲ့ သီချင်း အရေအတွက် ဘယ်လောက်ရှိနေပြီလဲ ?

Solo က 5 ပုဒ်ရှိတယ်။ စုထားတာ ။ အတွဲကတော့ အကို MHL နဲ့ တစ်ပုဒ်ရယ် နောက်တစ်ပုဒ် ထပ်ဆိုထား သေးတယ်။ Feat ဆိုပေးထားတာက 11 ပုဒ် စုစုပေါင်း 18 ပုဒ်ရှိပါတယ်။

မေး = ပထမဆုံး သီဆိုတဲ့ သီချင်းနာမည်လေးကို ပြောပြပါလား ?

New My Heart Beat ဆိုတဲ့ သီချင်းလေးပါ။

မေး = Babby Only With U ဒီသီချင်းလေးက ပထမဆုံး ဆိုဖြစ်တဲ့ သီချင်းလေးဆိုတော့ မထမဆုံး သီဆိုတဲ့ အချိန်လေးမှာ အသံပိုင်းဆိုင်ရာပေါ့နော် အဆင်ပြေအောင် ဘယ်လိုကြီုးစား သီဆိုခဲ့ရတာလဲ ?

ဒီတိုင်းပဲ မလေ့ကျင့်ဖြစ်ပါဘူး သီချင်းမသွင်းခင်မှာ ရေးထားတဲ့ သီချင်းလေးကို TG က ဂိုက်လိုင်းလေး ဆိုပြတယ်။ နောက် ဆိုတတ် သလိုလေးပဲ ဆိုလိုက်တာ ကြီးကြီး ကျယ်ကျယ်တော့ မရှိပါဘူး။

မေး = အနားမှာနေချင်တယ် ဆိုတဲ့ ဒီသီချင်းလေးက နားထောင်ရတာ အရမ်း ကောင်းပါတယ်။ ဒီသီချင်းလေးနဲ့ ပက်သက်ပြီး အမှတ်တရ အနေနဲ့ တစ်ခုခု ပြောပေးပါလား ?

အမှတ်တရကတော့ အိုက်နေ့က မိုးမရွာဘူး ...။ ဟဲဟဲ အိုက်သီချင်းလေးက ဂစ်တာ စစတီးတတ်ချင်းမှာ ရေးဖြစ်တဲ့ ပထမဆုံး အတွဲသီချင်းလေးပါ။ အိုက်သီချင်းလေးကို အကို MHL က ဆိုပေးမယ် တီးပေးမယ်ဆိုတော့ ၀မ်းသာသွားတာပေါ့နော့် အိုက်ဒါလေးတော့ အမှတ်တရပါ ကိုယ်ရေးထားတဲ့သီချင်းကို သူများက အထင်မကြီးတဲ့အချိန်မှာ အကို MHL က ဆိုပေးခဲ့တာ အိုက်ဒါလေးက လုံးဝ အမှတ်တရဖြစ်သွားတာ ...

မေး = Love Valentine ဆိုတဲ့ သီချင်း နာမည်လေးကို ဘယ်လိုပေးဖြစ်သွားတာလဲ ?

အိုက်ဒါတော့ ကိုညီ နဲ့ မသဲချစ်ကို ပဲသိမှာ သူတို့ပေးတဲ့ နာမည်လေးပေါ့ ....

မေး = နင်ပြန်ခဲ့ပါ သီချင်း နာမည်လေးက သီချင်းလေးနဲ့ တကယ်လိုက်ဖက်ပါတယ်။ ဆိုတော့ အဝေးက ချစ်သူလေးကို ပြန်လာစေ ချင်တာလား ?

အာ ... သေသွားပြီ ပြန်လာစေချင်လဲ ပြန်လာလို့ရတော့ဘူးလေဂျာ ဟက်ဟက်။ အိုက်ဒါ Real Feeling မဟုတ်ဘူး...။ စိတ်ကူးယဉ် Feeling ပါ ။ ကောင်လေးက သေသွားတယ် ဒါပေမယ့် ကောင်မလေးက ပြန်လာစေချင်တယ် ပြန်လာလို့ရခဲ့မယ်ဆိုရင် အိုက်အတွက် ကောင်မလေးက ပြန်လာစေချင်တဲ့ ရူးသွပ်မှုဆန္ဒတစ်ခုကို စိတ်ကူးပြီးရေးထားတာ။

မေး = သီချင်းနာမည်လေးက ရင်ခုန်ရင်အချစ်ပဲ ဆိုတော့ ဒီသီချင်းလေးကို ဘယ်လို ရေးဖြစ်တာလဲ ?

အော် .... ဝေလင်းနဲ့ အွန်လိုင်းမှာ သီချင်းလုပ်ဖြစ်မယ်လို့ ပြောရင်း သူတီးပေးတဲ့ တီးလုံးအပေါ်မှာ ရေးလိုက်တဲ့ မယ်လိုဒီလေးပါ။

မေး = Love U and Me လေးနဲ့ ဆိုထားတာ နားထောင်ရတာ အဆင်ပြေပါတယ်။ ဒီသီချင်းလေးနဲ့ ပက်သက်ပြီးပေါ့နော် တစ်ခုခု ပြောပြပေးလို့ ရမလား ?

Love U & Me ကလဲ စိတ်ကူးလေးနဲ့ ရေးထားတာပဲ ဖြိုးဟန်ကို Feat ဆိုပေးထားတာ သီချင်းတီးလုံးပေါ်ကြည့်ပြီး အိုင်ဒီယာ ရသလိုပေါ့နော် စဉ်းစားပြီးရေးထားတာ ....

မေး = အခုနောက်ဆုံး Song Name : အမြဲမင်းနဲ့ သီချင်းလေးကို နောက်ဆုံး သီဆိုထားတယ်နော် ဒီသီချင်း နာမည်လေးကိုရော ကိုယ်တိုင် ပေးဖြစ်တာလား ?

အိုက် သီချင်းလေးက Official အခွေမှာပါတဲ့ သီချင်းလေးပါ။ အမှန်က အိုက်နာမည်မဟုတ်ဘူး အွန်လိုင်းမှာ Share လုပ်တော့ ကိုယ့်ဘာသာ တွေးပြီးပေးလိုက်တာ။

မေး = သီဆိုထားတဲ့ သီချင်းလေးကိုရော အားရကျေနပ်မှု ရှိလား ?

ဟုတ် သီချင်းတွေ အားလုံးကြိုက်ပါတယ် ကိုယ်ရဲ့Vocal ကိုယ်ပြန် မကျေနပ်တာမျိုးရှိပါတယ် အိုက်ဒါတွေကို ပြန်ပြင်နေတယ်ရှင့်။

မေး = သီချင်းတွေရော ကိုယ်တိုင် ရေးဖြစ်လား ?

ဟုတ်ကဲ့ .... သီချင်း တော်တော်များများ ကိုယ်တိုင်ရေးတာပါ။

မေး = ရှိုးပွဲ အတွေ့အကြုံလေးရော ရနေပြီလား ?

ဟုတ် ... နှစ်ခါလောက်ပဲ ဆိုဘူးသေးတယ်။ ဒီလိုပါပဲ ငယ်ငယ်ကတည်းက ကျောင်းကပွဲတွေမှာ ပါနေကျဆိုတော့ စင်တော့ မကြောက်ပါဘူး။ အယ် ပါတီပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာတော့ သိလိုက်တာပေါ့နော့်။

မေး = သီချင်း ၇ ဗုဒ်မှာ အကြိုက်ဆုံး ( ဒါမှ မဟုတ် စိတ်ထဲကျေနပ်မှု အများဆုံး )သီချင်းလေးကို ပြောပြပေးနိုင်မလား ?

အနားမှာနေချင်တယ် သီချင်းလေးပါ။

မေး = သီချင်းတွေကို ဘယ် Studio မှာ အများဆုံး သီဆိုဖြစ်လဲ ?

Pempo မှာ အများဆုံးဆိုဖြစ်ပါတယ် ...

မေး = အခု သီဆိုပြီးသား သီချင်းတွေကိုအခွေ ထုပ်ဖို့ အစီအစဉ် ရှိလား ?

Underground Ground အတွက် သီးသန့်ပါ။ Official Solo အတွက်က သီချင်းစုနေပါတယ် အိုက်ဒါတွေတော့ Share မလုပ်ပါဘူး။

မေး = အနုပညာနဲ့ ပက်သက်ပြီး အဆိုတော်လိုင်းကို ဘယ်လို စိတ်ကူးပြီး ရွှေးဖြစ်လဲ ?

သီချင်းဆိုချင်လို့ပါ ...

မေး = တက်သစ်စ အဆိုတော် တစ်ယောက် ဆိုတော့ အနုပညာနဲ့ ပက်သက်ပြီး ဘယ်လို ခံထားပါသလဲ ?

အိုက် .... ဒီမေးခွန်းကို ဖြေဖို့တော့ တော်တော်လိုဦးမယ်ထင်တယ် ဖြေလိုက်တဲ့အဖြေက မပြည့်စုံမှာဆိုးလို့ပါ။ အခုလောလောဆယ်က သီချင်းတွေကို ရူးသွပ်ပြီး ဆိုနေတာပါ...။ အိုက်လိုခံယူချက်တွေတော့ မဖြေတတ်ဘူး.။ ကိုယ့်ရင်ဘတ်ထဲက Rhythm တွေ Melody တွေ စကားလုံးတွေကို အားလုံးရှေ့ကိုချပြချင်တယ် Microphone ကြီးနဲ့ မဝေးချင်ဘူး။ အိုက်လိုလေးပဲ Music အပေါ်မှာ ရူးသွပ်နေတာပါ.။ အနုပညာ အပေါ်ခံယူချက် အိုက်လို လေးလေး နက်နက်ချည်းတော့ မဖြေတတ်ဘူး ....

မေး = အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်အောင် ဘယ်လို ကြီုးစားသွားမယ် ဆိုတာ စာဖတ်သူများ သိအောင် မိတ်ဆွေများကို ပြောပြပေးစေလိုပါတယ်။

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဘို့အတွက်ကတော့ ကိုယ့် Vocal ကိုတော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ရမယ်။ နောက်ထပ်လေ့လာစရာတွေလဲ အများကြီးရှိဦးမယ်လို့ ထင်ပါတယ်။ အဓိကကတော့ ပရိတ်သတ်ကြီးနဲ့ ရင်ဘတ်ချင်းတစ်ထပ်ထည်းကျမယ်ဆို အောင်မြင်မှုက လက်ထဲရောက်လာမှာပါ။ ရင်ဘတ်တွေ တစ်ထပ်ထည်းကျအောင် လိုက်ညှိလို့လဲမရပါဘူး အားပေးမှုက ပရိတ်သတ်လက်ထဲမှာပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ထပ်တည်းကျမယ်လို့ မျှော်လင့်ပါတယ်။

မေး = ပြည်တွင်း ပြည်ပမှာ နှစ်သက်မိတဲ့ အဆိုတော်တွေကို ပြောပြပါလား ?

Demi Lovato, Rihanna, Park Boom ထူးအိမ်သင်၊ Hlwan Paing, MHL, ဇေရဲ , ဖြူဖြူကျော်သိန်း၊ တင်ဇာမော်၊ နီနီခင်ဇော်၊ ချမ်းချမ်း တို့ကို နှစ်သက်ပါတယ်။

မေး = ဘယ်လိုသီချင်းလေးတွေကို အများဆုံး နားထောင် ဖြစ်လဲ ?

Underground က သီချင်းတွေနားထောင်ဖြစ်တယ် နောက် နိုင်ငံတစ်ကာက နေ့အလိုက် Update ဖြစ်တာတွေ နားထောင်ဖြစ်တယ်။

မေး = အချစ်သီချင်းတွေကို သီဆိုဖြစ်တယ်ဆိုတော့ ချစ်ရမဲ့ ချစ်သူရော ရှိနေပြီလား ?

မဆိုင်ပါဘူး သီချင်းဖန်တီးမှုကတော့ Real Feeling ဆိုတာမရှိသေးဘူး အားလုံးစိတ်ကူးယဉ်သက်သက်ပဲ ။ ချစ်ရမယ့်သူတော့ လောလောဆယ်မရှိပါ။ 528 အချစ်တော့ရှိတယ် တကယ့် 528 လေးတစ်ယောက်ရှိတယ် ရန်ကုန်ကပဲ အရမ်းချစ်တာ။ 1500 နဲ့ပက်သက်ရင်တော့ တကယ့်အချစ်ဆိုတာကြီး မကြုံသေးဘူး။ အိုက်လိုကြုံဖို့ကလဲ ခဲယဉ်းမယ်ထင်တယ် အဲအဲက စွဲစွဲလမ်းလမ်းမရှိတတ်ဘူး ဘယ်အရာမဆိုပေါ့နော် ....

မေး = ညီမလေး Air Air သိတဲ့ အချစ်အကြောင်းကို ပြောပြပေးပါလား ?

အချစ်က ကိုယ့်စိတ်က ချစ်ချင်တဲ့အချိန်မှာ ချစ်လို့ရတယ်။ မချစ်ချင်တော့တဲ့အချိန်ဆို မချစ်ပဲနေလို့ရတယ် ဟဲဟဲ (Only My Feeling) အမုန်းတော့မရှိပါဘူး။ အေးအေးဆေးဆေးပဲ နေတတ်လို့။

http://api.ning.com/files/E-LFCwMfUBfJL69rA4fL7uUBVR1bYZ*nbWwt4haMIolTu3KAwfJow1zHM3N8dwQIsUvKGBCCbkQDUs6yG1j0*UQPw0L5lIde/air.gif

မေး = အဆိုတော်တစ်ယောက် ဖြစ်တယ် ဆိုတော့ Air Air အဆိုတော် မဖြစ်ခင်လေးက ဂီတကို ဘယ်လိုရူးသွပ် စွဲလန်းခဲ့လဲ ?

အဆိုတော် မဖြစ်ခင်က အဆိုတော်ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့စိတ်လဲ မရှိဘူး။ ကိုယ့်ဘာသာ သီချင်းလေးတွေရေးတယ် ဂစ်တာတီးတယ် စိတ်ကူးတွေနဲ့ပဲရူးနေခဲ့တာ။ အိုက်ဒါကို မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးလဲမရှိဘူး အမေကလဲ အားမပေးဘူးလေ။ အဲ မိုက်ကရိုဖုန်းနဲ့ ရင်းနှီးသွားတော့ မရတော့ဘူး သူက အရမ်းဆွဲဆောင်နေတာ အခုတော့ ရူးတာမှ လုံးလုံးရူးသွားတာ။

မေး = အဆိုတော်တစ်ယောက် အနေနဲ့ ဘယ်အရာ အရေးကြီးဆုံးလို့ ထင်ထားတာလဲ ?

အရေးအကြီးအဆုံးကတော့ အသံ ပါ။ ကိုယ့်အသံကို ကိုယ်တန်ဖိုး အထားရဆုံးပါပဲ။

မေး = ဝါသနာ ပါတဲ့ အဆိုတော်လိုင်းကို ရွှေးချယ်ထားတယ် ဆိုတော့ ဘယ်လောက်ကြိုးစားသွားမယ်လို့ စိတ်ထဲက ဆုံးဖြတ်ထားတာလဲ ?

ဒီကမ္ဘာပေါ်မှာ အဲအဲ ရှိနေသမျှကာလပါတ်လုံး သီချင်းတွေ ဆိုနေဦးမှာပါ။ ရင်ဘတ်ထဲက ထွက်သမျှကို တတ်စွမ်း သလောက်တော့ ချပြသွားမှာပါ။

မေး = အခု နောက်ဆုံး မေးခွန်း အနေနဲ့ စာဖတ်သူ မိတ်ဆွေများကို ဘာများ ပြောချင်လဲ။

အစ၊ အလယ်၊ အဆုံး အချိန်ကုန်ခံဖတ်ပေးလို့ အားလုံး ကျေးဇူးပါ။ အဲအဲက Underground ကလာတဲ့အတွက် UG က သီချင်းတွေကို နားထောင်စေချင်ပါတယ်။ UG မှာ အဖိုးတန်တဲ့ ပတ္တမြားတွေ အများကြီးရှိတယ်ဆိုတာ ပြောပြချင်ပါတယ်။ Underground က လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို ပရိတ်သတ်ကြီးက အစဉ်အမြဲ အားပေးနေမယ်လို့ မျှော်လင့်ပါတယ်။

မေး = ဆက်သွယ်ချင်တယ် ဆိုရင် Air Air ရဲ့ လိပ်စာလေးက။

airair.rnb.singer@gmail.com ကို ဆက်သွယ်လို့ရပါတယ်။

အခုလို မေးသမျှကို အချိန်ပေး ဖြေကြားပေး ဝါသနာရှင် အဆိုတော် ညီမလေး Air Air ကို ကျေးဇူးအများကြီး တင်ပါတယ်။ အောင်မြင်သော အဆိုတော်တစ်ယောက် ဖြစ်ပါစေ လို့လည်း ဆုတောင်းပေးပါတယ်။

ဟုတ်ကဲ့ .... တောင်းပေးတဲ့ဆုလေးပြည့်ပါစေလို့လဲ အဲအဲ ကထပ်ပြီး ဆုတောင်းပါတယ်။ အင်တာဗျူး အတွက်လည်း ကျေးဇူးတင်ပါတယ်။

စာဖတ်သူ မိတ်ဆွေများ အခုဆို တက်သစ်စ အဆိုတော်လေး အဲအဲ အကြောင်းကို တော်တော်များ သိနေပြီနော် အဲအဲ နဲ့ ဒီလောက်ပဲ စကားပြော ဖြစ်ပါတယ်။ နောက်ထပ် စာဖတ်သူများ သိချင်တဲ့ အကြောင်းလေးတွေကို တိုက်ရိုက် မေးနိုင်ပါတယ်။ အဆိုတော် အသစ်လေး အဲအဲ ရဲ့သီချင်းလေးတွေကို နားထောင်ပြီး အားပေးကြရအောင်ပါ။ အောက်က နေရာလေးမှာ အဲအဲရဲ့ စာမျက်နှာလေးနဲ့ သူ့သီချင်းတွေကို ဝင်ရောက် လေ့လာ နားဆင်နိုင်ပါတယ်။

http://www.fusarshinlay.com/profile/AirAir
http://www.fusarshinlay.com/AirAir

1။ Babby Only With U ( MP3 Download)

Vocal- TG, Double Byi & Air Air


2။အနားမှာနေချင်တယ် ( MP3 Download) နားဆင်ရန်

A Nar Mhar Nay Chin Tel
  • Vocal - Air Air ( Feat. MHL)
  • Lyrics - AirAir
  • Beat - MHL
  • Studio - String

3။ Love Valentine ( MP3 Download)

Vocal - Double Nyi, The Chit Ko , Air Air

၎ ။ နင်ပြန်ခဲ့ပါ(MP3 Download)

နင်ပြန်ခဲ့ပါ (Pls Come Back To Me)

Vocal - Air Air (အဲအဲ)
Lyrics - Air Air (အဲအဲ)
Beat - ထိန်ဝင်း
Piano - PiePie
Studio - N.C.E
Mixing - ထိန်ဝင်း

၅။ ရင်ခုန်ရင်အချစ်ပဲ (MP3 Download)
Yin Khone Yin Achit Pal


  • Vocal - Wailinn (Feat. Air Air)
  • Lyrics - Wailinn, Air Air
  • Beat - Wailinn
  • Studio - Pempo
6။ Love U and Me (MP3 Download)
Love You & Me
  • Vocal - Phyo Han (Feat. AirAir)
  • Lyrics - Phyo Han, Air Air
  • Beat - Micheal
  • Studio - Pempo

7။Song Name : အမြဲမင်းနဲ့(MP3 download)

Vocal : မိုးအာကာဝင်း (Feat. AirAir)

Genre : R&B


Download Here(One Click)

Download With Up4vn

Download With Mediafire

အင်တာဗျုး အစီအစဉ်လေးကို www.fusarshinlay.com နှင့် www.nayzawlin1.com မှ စီစဉ်တင်ဆက်သည်။ အဖက်ဖက်က ကူညီပေးသော ကိုဂျွန်ဖြိုး အား ကျေးဇူတင်ပါသည်။

နေဇော်လင်း
6.10.2011


Share this article :

6 comments:

Angelhlaing(May everybody be happy and healthy! said...

အင်တာဗျုးကောင်းလေးတစ်ခု ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ မောင်လေးရေ... အစဉ်အမြဲ အသစ်အသစ်တွေ စောင့်မျှော်နေပါတယ်လို့...

စိုးစိုး said...

ဖတ်သွားပါတယ်နော် ...
အင်တာဗျုးလေး ကောင်းပါတယ်။
အားပေးနေပါတယ်။

အဆွေးလူ said...

ဖတ်ရှု့ သွားပါတယ်ဗျာ...
ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်ညီမရေ...ဆက်ကြိုးစားပါ

jakkawachan said...

မော်လမြိုသူလေးကိုအားပေးပါတယ်နော် တင်ပြပေးတဲ့အကို့ကိုလဲကျေးဇူးပါ

KMC@ချင်းလေး said...

ခုလိုကျနော်တို့လိုအလှမ်းဝေးလွန်းတဲ့သူတွေအတွက်တော့ ကြိုဆိုရမယ့်အင်တာဗျူးအစီအစဉ်လေးပါ။ကိုယ်တိုင်ဗျူးထားတဲ့ ကိုနေဇော်လင်းနဲ့အဗျူးခံတဲ့ညီမအဆိုတော်လေးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ.နောက်လည်းအားပေးနေပါ့ မယ်လို့..............:D

မြတ်နိုးသူ said...

ဗျူးလေးဖတ်ရတာ ကောင်းပါတယ်
မေးထားတွေလည်း အသက်ဝင်တယ်။
အဆိုတော်လေး အဲအဲ နဲ့ အတူတူ
မေးပေးတဲ့ အကိုလည်း
အောင်မြင်ပါစေ ရှင် ..

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။