Home » , , , , » စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အစီအစဉ် (မလေးရှား)

စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အစီအစဉ် (မလေးရှား)

Written By နေဇော် လင်း on Monday, April 9, 2012 | 3:48:00 AM



မလေးရှားနိုင်ငံ (NO.4,Jalan 6/21, Section 6,PJ)တွင် တည်ရှိသော စရိယာရာမ ဆန်းဒေးစကူးကျောင်း၏ မြန်မာ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ တော်ကြီးကို တရုတ်တန်းခန်းမ(ကေအယ်) တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ " ဆန်းဒေးစကူး ကလေးငယ်များနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ " မှ အဆိုအက များဖြင့် ထူးခြားစွာ တင်ဆက် ဖျော်ဖြေပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီး အသေးစိပ် အချက်အလက်များကို သိရှိနိုင်ဖို့ အတွက် သင်္ကြန်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ကိုညီညီ (ခေါင်းလောင်းသံ ဂျာနယ်) နှင့် တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။



မေး - စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အစီအစဉ်လေးနဲ့ ပက်သက်ပြီး ဘယ်လို စီစဉ်ထားလဲ ဆိုတာ သိပါရစေ။

ဖြေ - ကျွန်တော်တို့ စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်လေးကို မလေးရှားရောက် မြန်မာတွေအားလုံးပေါ့။ မြန်မာနှစ်သစ်ကူးလေးမှာ အတူတူပျော်နိုင်ဖို့ ပျော်ပွဲရွှင်ပွဲ အနေနဲ့ ပြုလုပ်ပေးဖြစ်တာပါ။ ကျွန်တော်တို့ ဒီမှာဆိုရင် အဆိုတွေ အကတွေလည်း ပါမယ်။ မြန်မာ့ရိုးရာ အစားအသောက် တွေရောပေါ့။

အကအစီအစဉ်မှာဆိုရင် စရိယာရာမ ဆန်းဒေးစကူးကျောင်းမှာ ရှိတဲ့ ကလေးတွေပါမယ်။ ဗုဒ္ဓ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှ ကလေးတွေရယ် ၊ ကွန်ပျုတာသင်တန်းက ကလေးတွေရယ်ပေါ့။ ၈ နှစ် ၉ နှစ်အရွှယ်တွေပေါ့။ အလည် အလတ်အရွှယ်တွေလည်း ပါမယ်။ အင်္ဂလိပ်စာ သင်တန်းက ကလေးတွေလည်း ပါမှာ ဖြစ်ပါတယ်။



နောက်ထပ် ပျော်စရာတွေ ဖြစ်အောင်လို့ စင်္ကာပူက အဖွဲ့တွေလည်း ပါဝင်ပေးထားပါတယ်။ နောက်ပြီးတော့ မလေးရှား ရှိတဲ့ ဆိုချင် ကချင်တဲ့ သူတွေ ဝါသနာရှင်တွေလည်း ပါဝင်ပါတယ်။ ပွဲအစီအစဉ် အနေနဲ့ နေ့လည် ၁၁ ကနေ ညနေ ၅ နာရီလောက်အထိပေါ့ စီစဉ်ပေးထားပါတယ်။ ရေလည်းပက်ရမယ်။ ဖျော်ဖြေရေးနဲ့ အစားအသောက်တွေ ကိုလည်း စီစဉ်ပေးထားပါတယ်။

မေး - သင်္ကြန်ပွဲ ဖြစ်မြောက်ရေးနဲ့ ပက်သက်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ဒိလို လုပ်ဆောင်ပေးဖြစ်လဲ ?

ဖြေ - ကျွန်တော်တို့ ဒီသင်္ကြန်ပွဲအတွက် ပက်သက်ပြီး ရည်ရွှယ်ချက်ကတော့ စရိယာရာမ ဆန်းဒေးစကူး ဘုန်းကြိးကျောင်းကနေ ပရဟိတ လုပ်ငန်းများကို တောက်လျှောက် လုပ်နေတာပေါ့နော်။ ဆရာတော်ရဲ့ ဒီပရဟိတ လုပ်ငန်းတွေကို ကျွန်တော်ရဲ့ ခေါင်းလောင်းသံ ဂျာနယ်လေးမှာလည်း ထည့်ပေးထား ပါတယ်။ ဆရာတော်က ကျောင်းတည်ဆောက်တာ ၆လမပြည့်သေးဘူး အလှူအတန်း ပရဟိတ ကိစ္စတွေ ၄၉ သိန်းကျော်လောက်ကို ပရဟိတ ကိစ္စတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။



မလေးရှားရောက် မြန်မာတွေအတွက် ဒီလို နှစ်သစ်ကူး အချိန်လေးမှာ အားလုံး သင်္ကြန်ပွဲတော်လေးကို ဆင်နွှဲ့နိုင်ဖို့ အတွက် လုပ်ပေးဖြစ်ပါတယ်။ အခု စီစဉ်တဲ့ သင်္ကြန်ပွဲလေးကလည်း လုံးဝအခမဲ့ပါပဲ။ ဘယ်သူမှ ပိုက်ဆံတစ်ပါးမှ မယူပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ အလှူငွေကတော့ ထည့်ချင်ထည့် လို့ရပါတယ်။ လှူလို့ရပါတယ်။ ဒီသင်္ကြန်ပွဲလေးက ရတဲ့ အလှူငွေတွေကို ဆရာတော်ရဲ့ နေ့စဉ်အလှူတွေဖြစ်တဲ့ သီရိလင်္ကာမှဘုန်းကြီး ကျောင်းအတွက် နေ့စဉ်ဆွမ်းတစ်ခွက် အဲဒီအတွက် ကျွန်တော်တို့က ဒီကရတဲ့ ငွေတွေကို လှူမယ်။ နောက်ပြီး မြန်မာနိုင်ငံ ရန်ကုန်မှ မရမ်းကျောင်း အနာကြီးရောဂါသမား တွေကိုလှူမယ်။ အဲဒီအတွက် ဒီသင်္ကြန်ပွဲလေးကို လုပ်ဆောင်ပေးဖြစ်တာပါ။

မေး - မလေးရှားရောက် မြန်မာတွေတစ်ယောက် အနေနဲ့ မလေးရှားမှ သင်္ကြန်ကျတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲ ? မြန်မာပြည်နဲ့ ဘယ်လိုကွာခြားမှု ရှိလဲ ? ဆိုတာ ဖြေကြားပေးပါဦး။

ဖြေ - မလေးရှားနဲ့ မြန်မာပြည်က အများကြီး ကွာခြားတာပေါ့နော်။ အခု မလေးရှားမှာဆိုတော့ ခံစားမှုက အများကြီးပါပဲ။ အခု နှစ်သစ်ကူးဆိုတော့ မြန်မာပြည်ကို ပိုပြီး သတိယနေတာ အမှန်ပါပဲ။ သင်္ကြန်ဆိုတော့ ပျော်လည်းပျော်တယ်။ မြန်မာနိုင်ငံမှာက ဒီလိုသင်္ကြန် ပွဲတော်လေးကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်လို့ရတယ်။ မလေးရှားမှ ဒီလိုပွဲတွေကို ပြုလုပ်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။



အဖြစ်ပွဲလေးအဖြစ် အားလုံးအဆင်ပြေအောင် စီစဉ်ရတာပါ။ ကွာတာတော့ အများကြီးကွာတာပေါ့နော် ... အခုဆို မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီဆိုတော့ ပိုပြီးလွတ်လပ်ခွင့်တွေ ပိုရပြီး ပျော်ပျော်ပါးပါး လုပ်လို့ရတာပေါ့။

မလေးရှားနဲ့ ကွာတာကတော့ တော်တော်ကွာပါတယ်။ ကျွန်တော်တို့ ဒီမှာဆိုရင် အဖြစ်ပွဲလေးအဖြစ်သာ လုပ်ရတာပါ။ မြန်မာနိုင်ငံမှာကြတော့ မျိုးစုံ ပျော်ရတာပေါ့ဗျာ။ ကိုယ့်ခံစားချက်နဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်မြန်မာနိုင်ငံ သင်္ကြန်ကိုတော့ ဘယ်မှီပါ့မလဲ။ ဒါပေမဲ့ မလေးရှားကို ရောက်နေတဲ့ မြန်မာတွေအတွက် အားလုံးပျော်နိုင်ဖို့ အတွက် တစ်နှစ်မှ တစ်ခါသင်္ကြန်လေးမှာ ပျော်ရတဲ့ အတွက် အလုပ်တွေထဲ စိတ်တွေနစ်နေတဲ့ မြန်မာတွေအတွက် လာရောက်ပြီးတော့ အပန်းဖြေလို့ရအောင်လို့ ရပါတယ်။ အကတွေနဲ့ သီချင်းတွေ နားထောင်ရင်းပေါ့ ဒီလိုပျော်နိုင်ဖို့ စီစဉ်ပေးထားတာပါ။

မေး - အစ်ကိုတို့ရဲ့ ဒီသင်္ကြန်ပွဲလေးကို ဘယ်နေ့ ၊ ဘယ်အချိန်မှာ ကျင်းပပြုလုပ်ဖြစ်မှာလဲ ? ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အကျွေးအမွေးနဲ့ ပက်သက်ပြီး ဘယ်လိုစီစဉ်ထားလဲ ? ဆိုတာ သိပါရစေ။

ဖြေ - ကျွန်တော်တို့ ဒီသင်္ကြန်ပွဲလေးကိုတော့ ၁၅ ရက်နေ့လုပ်ဖြစ်မယ်။ ၁၅ ရက်နေ့ဆိုတော့ တနင်္ဂနွေနေ့ဆိုတော့ (သင်္ကြန်အကြတ်နေ့) နေ့ပေါ့။ မနက် ၁၁ ကနေ ညနေ ၄ နာရီ ၅ နာရီအထိပေါ့။ ဖျော်ဖြေရေး အစီအစဉ်များကို တောက်လျှောက် မနားတမ်း ပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဖျော်ဖြေရေးအပိုင်းက အခွေနဲ့ မဟုတ်ပဲ တကယ့်တီးဝိုင်းတွေကို အသုံးပြုသွားမှာပါ။ နောက် ပြစက်တွေနဲ့ အက အလှတွေ သံချပ်အစီစဉ်တွေလည်း ပါရှိပါတယ်။



အကျွေးအမွေးကတော့ အခု ကျွန်တော်တို့ စရိယာရာမ ဘုန်းကြီးကျောင်းမှ ဒကာ ဒကာမတွေ စုပြီးတော့ လာသမျှလူတွေကို ထမင်းကျွေးဖို့ စီစဉ်ထားပါတယ်။ နောက်ထပ် စေတနာရှင်တွေက စတုဒီသာ ကျွေးဖို့ စီစဉ်ထားတယ်။ စတုဒီသာမှာက မြန်မာ့ရိုးရာ အစားအသောက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

မေး - ဒီလိုမျိုး သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးနဲ့ ပက်သက်ပြီး ဘယ်လိုကဏ္ဍများကို တာဝန်ယူ ပါဝင်ကူညီပြီး လုပ်ဆောင်ပေးဖြစ်လဲ ?

ဖြေ - ဒီသင်္ကြန်ပွဲဖြစ်မြောက်ရေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ အားလုံးစုပေါင်းပြီး လုပ်ဆောင်ပေးတဲ့ အတွက် တာဝန်ရယ်လို့ မခွဲခြားပါဘူး။ အားလုံးအတွက် အဆင်ပြေအောင် အားလုံး လိုအပ်တဲ့နေရာတွေ အဖက်ဖက်က ဒီသင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီး ကိစ္စတွေကို အတူတူ လုပ်ဆောင်သွားမှာပါ။ ဒါက ပရဟိတ လုပ်ငန်းဖြစ်တဲ့အတွက် ဦးဆောင် ခေါင်းဆောင်ဆို တာကတော့ မရှိဘူးပေါ့နော် ... ကျွန်တော်တို့ရဲ့ နာယက ဆရာတော်ကြီးက ဦးဆောင်ပြီး လုပ်တယ်။

ကျွန်တော်အနေနဲ့က လိုအပ်တဲ့ နေရာလေးကနေ လုပ်ဆောင် သွားဖို့ ရှိပါတယ်။ ကျွန်တော့်က ဖိတ်စာကိစ္စ အလှူငွေ ကိစ္စတွေနဲ့ စတုဒီသာကျွေးမဲ့ လူတွေနဲ့ အခြားလိုအပ်တဲ့ နေရာများ အဖက်ဖက်က ဆရာတော်ပြောတဲ့ အချက်တွေမှာ လုပ်ဆောင်ပေး သွားမှာပါ။

မေး - မလေးရှား သင်္ကြန်လေးနဲ့ ပက်သက်ပြီး မလေးရှားရောက် မြန်မာများကို အမှတ်တရ စကားတစ်ခုခု ပြောပေးပါဦး။

ဖြေ - မလေးရှားမှာရှိတဲ့ မြန်မာတွေအားလုံး ဒီသင်္ကြန်ဆိုတာက တစ်နှစ်မှ တစ်ခါကျင်းပတာ ဖြစ်ပြီး ဘာသာလည်း ခွဲတာမဟုတ်ဘူး။ လူတိုင်းလာရောက် နိုင်ပါတယ်။ သင်္ကြန်ဆိုတာက မြန်မာဆိုရင် သင်္ကြန်ဆိုတာ ပျော်ဖူးကြမှာပါ။ သင်္ကြန်နဲ့ ပက်သက်ပြီး လူတိုင်းရင်ထဲမှာ ခံစားမှု ပျော်ရွှင်မှုတွေ တစ်ခုခု ရှိနေကြမယ်လို့ ထင်ပါတယ်။



ဒီသင်္ကြန်ပွဲလေးက ဘာသာရေးပွဲလေး ဖြစ်တဲ့အတွက် ကျွန်တော်တို့ လုပ်တဲ့သင်္ကြန်ပွဲလေးကို ခိုက်ရန်မဖြစ်ပွားပဲ သောက်စားမူးရစ်မှုတွေ မရှိပဲ လာရောက်ပြီး တစ်နှစ်မှ တစ်ခါကျင်းပတဲ့ အမှတ်တရ သင်္ကြန်ပွဲလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွဲကြပါ။ အာရောက်အားပေးကြပါ။ ကျွန်တော်တို့ရဲ့ ပရဟိတ လုပ်ငန်းများကို ကူညီပံ့ပိုးပေးကြပါ။ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် အားလုံးနှစ်သစ်ကူးလေးမှာ ဆုတောင်း ပေးကြပါလို့ ပြောချင်ပါတယ်။

အခုလို စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အစီအစဉ်လေးနဲ့ ပက်သက်ပြီး အသေးစိမ် အစီအစဉ်များ အချက်အလက်များကို ဖြေကြားပေးသွားသော သင်္ကြန်ပွဲလေးကို တာယန်ယူ စီစဉ် ကူညီပေးနေသော ကိုညီညီ (ခေါင်းလောင်းသံ ဂျာနယ်) အား ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ သင်္ကြန်ပွဲ တော်လေးနဲ့ ပက်သက်ပြီး လာရောက် အင်တာဗျူးပေးသော Malaysia News Information & Online Radio Media, မှ ကိုနေဇော်လင်း အား ခေါင်းလောင်းသံ မီဒီယာရော ကျွန်တော်တို့ရဲ့ စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ တာဝန်သူများနှင့် အားလုံးရဲ့ကိုယ်စား ဆရာတော်ကြီးရဲ့ ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။



စရိယာရာမ ဆန်းဒေးစကူးကျောင်းမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အစီအစဉ်လေးကို ၁၅.၄.၂၀၁၂(တနင်္ဂနွေနေ့) မဟာသင်္ကြန် အကြတ်နေ့တွင် တရုတ်တန်း ခမ်းမတွင် နံနက် ၁၁ မှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဖြစ်ပါသည်။

အသေးစိပ် ဆက်သွယ်မေးမြန်း လိုပါက သင်္ကြန်ပွဲဖြစ်မြောက်ရေး ကော်မတီဖြစ်တဲ့
ကိုညီညီ(ခေါင်းလောင်းသံဂျာနယ်) ဖုန်း - ၀၁၇-၃၅၅ ၈၇၁၀
ကိုဌေးကျော်(မတ်ဖန်ဂျာနယ်) ဖုန်း - ၀၁၁၁ ၅၃၃ ၇၇၉၇
ကိုဌေး (ဂျလန်အာလော) ဖုန်း - ၀၁၆ ၆၈၇၇ ၅၈၁
ကိုလင်း (ပေါ်သစ်စားသောက်ဆိုင်)ဖုန်း - ၀၁၆ ၉၄၇၄ ၄၃၆ သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။


Malaysia News Information & Online Radio Media, Blogger
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။