> > Free Online Media Malaysia (Radio & Tv Live) Nay Zaw Lin1 ) 9.9.2009 မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာရောက် မြန်မာ ပရိတ်သတ်များ အတွက် မလေးရှားသတင်းများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ သုတရသ စာပေများ ၊ သီချင်းများ ၊ ရုပ်ရှင် နှင့် ဗွီဒီယို ဇာတ်ကားများ ၊ ရေဒီယို အစီအစဉ်များ ၊ အွန်လိုင်း TV ရုပ်သံများကို နေ့စဉ် ကျွန်တော် တတ်စွမ်းသရွေ့ အဖက်ဖက်က နေ့စဉ်ကြိုးစား တင်ဆက်ပေးနေပါတယ်။ 18.10.2014 ရက်နေ့မှ စတင်ကာ နည်းပညာများကို အဆင့်မြင့်ထားပြီး အဆင်ပြေပြေ ကြည့်ရှုနိုင်ရန်အတွက် ပြုလုပ်ပေးထားပါသည်။ ဝင်ရောက်လေ့လာ ကြည့်ရှုအားပေး အတွက် ကျေးဇူးတင်ပါတယ် .... တည်ထောင်ဖန်တီးသူ .... နေဇော်လင်း .... Admin .... Nay Zaw Lin1 ... Free Online Media Malaysia (Radio & Tv Live) Nay Zaw Lin1 ) .......... Website - http://www.malaysiaonlineradiomedia.com.... www.nayzawlin.com ... Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729 < < < < < < < < < <

Home » , » မြန်မာ့ကျွန်းသစ် ပြည်ပတင်ပို့မှု ၂၀၁၄ ခုနှစ်တွင် လုံးဝပိတ်ပင်မည်

မြန်မာ့ကျွန်းသစ် ပြည်ပတင်ပို့မှု ၂၀၁၄ ခုနှစ်တွင် လုံးဝပိတ်ပင်မည်

Written By နေဇော်လင်း- မီဒီယာ on Saturday, November 10, 2012 | 12:01:00 AM


တိုင်းပြည်၏ သစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များ ပျက်စီးမှုကို ရပ်တန့်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ ကျွန်းသစ်တင်ပို့မှု လုံးဝပိတ်ပင်ရန် မြန်မာအစိုးရ၏ အစီအစဉ်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက ကြိုဆိုသည်။ 

သို့သော် တရုတ်ပရိဘောဂ စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် တရားမဝင် သစ်ခုတ်လှဲမှုနှင့် တိုင်းရင်းဆေး ဈေးကွက်များအတွက် တောတိရစ္ဆာန်များအား ဥပဒေမဲ့ သတ်ဖြတ်နေမှုတို့ကို ရပ်တန့်ဖို့ ခက်ခဲမည်ဟု ပတ်ဝန်းကျင်ထိန်းသိန်းရေး ဝါဒီများက ပြောကြားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွန်းသစ်အများဆုံး တင်ပို့သည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။ 

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ကျွန်းသစ် မက်ထရစ်တန် ၈၆၄,၀၀၀ ပြည်ပသို့ တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရရှိသည်။ သို့သော် အလွန်အကျွံ သစ်ထုတ်လုပ်မှု၊ တရားမဝင် သစ်ခုတ်လှဲမှု၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများကြောင့် မြန်မာ့သစ်တောသည် လျင်မြန်စွာ ပြုန်းတီး ဆုတ်ယုတ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းသည့် ဧရိယာသည် ၂၀၀၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။ 

သို့သော် ယခုနှစ် သြဂုတ်လတွင် မြန်မာ့ပါလီမန်၏ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က မြန်မာ့သစ်တော ဖုံးလွှမ်းမှုသည် ၂၄ ရာခိုင်နှုန်းမျှသာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ကျေးလက် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ဖြစ်သော လူဦးရေ သန်း ၃၀ ခန့်သည် ၎င်းတို့၏ အခြေခံလိုအပ်ချက်များအတွက် သစ်တောများအပေါ် အကြီးအကျယ် မှီခိုအားထားနေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source by :International Social Network Myanmar
Share this article :

0 comments:

Facebook ,Like လုပ်ပြီး အသစ်တွေကို အားပေး ဖတ်ရှုနိုင်ပါတယ်။

Free Online Radio Media







မြန်မာTv များနှင့် Radio လိုင်းများ

Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (Radio & Live Tv)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။