Home » , » မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အထူး လိုက်နာ ဆင်ခြင်ရန် သတိပေးချက်များ ....

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အထူး လိုက်နာ ဆင်ခြင်ရန် သတိပေးချက်များ ....

Written By နေဇော် လင်း on Thursday, July 10, 2014 | 4:18:00 PM

 

မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် မလေးရှားနိုင်ငံအတွင်း နေထိုင်သော အချိန်တွင် ဘေးရန် အန္တရာယ် ကင်းဝေးစေရန် အတွက် အောက်ပါ သတိပေးချက် များကို လိုက်နာကြပါရန် အသိပေး တင်ပြလိုက်ပါတယ်။ 

သတိပြု လိုက်နာ ဆင်ခြင်ရန် - အချက်များ 

 ၁။ အလုပ်ချိန်အတွင်း အဆင်ပြေစွာ စကားပြော ဆက်ဆံ နေထိုင် လုပ်ကိုင်ပါ။ 

 ၂။ အပြင်သွားလာသော အချိန်တွင် အထောက် အထားများ စာရွက်စာတမ်းများ ယူဆောင်သွားလာပါ။ 

၃။ ပိုက်ဆံအိပ်အတွင်း ပိုက်ဆံအများကြီး မထည့်ပဲ ၊ အခြားနေရာ တစ်ခုခုတွင် ထည့်ပြီး သွားလာပါ။ 

၎။ မလေးရှားနိုင်ငံအတွင်း ဖြစ်ပေါ် ပြောင်းလဲနေသော သတင်းများကို အမြဲနားစွင့် နေထိုင်ရန် 

၅။ ညပိုင်း အချိန်နှင့် အချိန်မတော် တစ်ယောက်တည်း အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန် 

၆။ မြန်မာ မိန်းကလေးများ အပြင်သွားလာသောအချိန်တွင် သနပ်ခါးလိမ်းပြီး သွားလာခြင်း ရှောင်ကြည်ပါ။ 

 ၇။ မြန်မာ ဘာသာစကားကို လမ်းသွားရင်း ကျယ်လောင်စွာ ပြောဆိုခြင်း ရှောင်ကြည်ပါ။ 

 ၈။ အဝတ်အစားများကို ဖြစ်သလို မဝတ်ပဲ (မလေးနိုင်ငံသား ပုံစံ ဝတ်ဆင်ပြီး) သွားလာကြပါ။ 

၉။ အရက် ၊ ဘီယာ ၊ ဆေးလိပ် ၊ သောက်စားပြီး ခရီးသွားလာခြင်း ရှောင်ကြည်ပါ။ 

၁၀။ Taxi စီးပါက မိမိတို့ စီးခဲ့သော Taxi နံပတ် ၊ လိုင်စင် နံပတ်များကို မှတ်သားထားပြီး ဘယ်ကား ဘယ်နံပတ်နဲ့ ဘယ်နေရာကနေ ကားစီးပြီး လာနေကြောင်းကို Taxi ယာဉ်မောင်း နားလည်သော ဘာသာစကားဖြင့်ဖုန်းပြောလိုက်ပါ။ (သို့မဟုတ်) မက်ဆော့ ပို့၍ အကြောင်း ကြားထားပါ။ (အခုလို ပြုလုပ်ခြင်းသည် တစ်ခုခု ဖြစ်ပါက ရဲစခန်းကို အကြောင်းကြားနိုင်မည်။) 

၁၁။ မိမိတို့ အနီးသို့ လူစိမ်းအနားသို့ ကပ်လာပါ ဖုန်းများ ၊ ပိုက်ဆံအိပ်များကို သတိထားပါ။ 

၁၂။ မိမိနှင့် မသိသော လူစိမ်းမှ ဆေးလိပ် တောင်းသောက်သူများ ၊ လမ်းမေးသူများ ၊ စကားလာပြောသူများကို သတိထား ဂရုစိုက်ပါ။ 

၁၃။ မိမိတို့ နေထိုင်သော နေအိမ်အတွင်း အလုပ်အတွင်း ဆူပူခြင်း ၊ စကားများခြင်း ၊ ရန်ဖြစ်ခြင်းများ ရှောင်ကြည်ပါ။ 

၁၄။ နေအိမ်အတွင်း လောင်းကစား ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှောင်ကြည်ပါ။ ၁၅။ နေအိမ်အတွင်း တန်ဖိုးရှိသော ပစ္စည်းများကို ဖြစ်သလို မထားပဲ လုံခြုံစွာဖြင့် သေချာ သိမ်းဆည်းပါ။ 

၁၆။ မိမိတို့ နေအိမ် အတွင်းသို့ မသိသော လူစိမ်းများ ဝင်လာပါက တံခါးကို အလွယ်တကူ ဖွင့်ပေးခြင်း ရှောင်ကြည်ပါ။ (ရဲ အယောင်ဆောင်ပြီး လုယက်မှုများ ၊ ဓါးပြတိုက်မှုများ နေရာ တော်တော် များများ ဖြစ်နေပါသည်။) အိမ် တံခါးများကို အမြဲပိတ်ပြီး သော့ခတ်ထားပါ။ 

၁၇။ K L မိုင်ဒင်း ၊ ကိုတာရာယာ ကုန်တိုက်များတွင် ဖုန်းဝယ်ခြင်း ၊ ရှောင်ကြည်ပါ။ (လိမ်ညာ၍ ဖုန်းရောင်းပြီး ပိုက်ဆံ အတောင်းခံရမည်။) 

၁၈။ မိမိနှင့် မသိသော သူများကို ညအိပ် ညနေ မိမိနေအိမ်တွင် လက်ခံခေါ်ထားခြင်းများ ရှောင်ကြည်ပါ။ (နေအိမ်တွင် ပစ္စည်းခိုးပြီး ထွက်ပြေးသူများ ဆက်တိုက် ဆိုသလို ဖြစ်နေပါသည် ကူညီရင် သတိထားပြီး ကူညီကြပါ။) 

၁၉။ မလေးရှားနိုင်ငံအတွင်း လိမ်ညာမှုများ အမြဲဖြစ်ပေါ်နေသောကြောင့် ၊ မိမိနှင့် အတူတူ တွဲလုပ်သူများကို စရင်းနှင့်အကွ စနစ်တကျ လုပ်ဆောင်ကြပါ။ 

 ၂၀။ အထောက်အထား ပါမစ် ပြုလုပ်သော အချိန်တွင် လူလိမ်မခံရအောင် သေချာစုံစမ်း၍ ပြုလုပ်ကြပါ။ 

၂၁။ ညပိုင်းအချိန်တွင် နှင့် လူသူပြတ်သော နေရာများတွင် နောက်ဖေးလမ်းနှင့် လူသူကင်းမဲ့သည့် လမ်းများ ၊ နေရာများကို တစ်ယောက်တည်း မသွားပဲ ရှောင်ရှား သွားလာပါ။ 

၂၂။ ခရီးသွားသော အချိန်တွင် တန်ဖိုးရှိသော အရာများ ၊ လက်ဝတ်ရတနာများကို ဝတ်ဆင် သွားလာခြင်း ရှောင်ကြည်ပါ။ 

 ၂၃။ ဘတ်စ်ကားစီးသော အချိန်တွင် ဖုန်းမှ သီချင်းများကို ကျယ်လောင်စွာ ဖွင့်ခြင်း ၊ စကားကျယ်လောင်စွာ ပြောဆိုခြင်း ရှောင်ပါ။ 

 ၂၄။ လမ်းလျှောက်နေရင်း ဖုန်းပြောခြင်း ၊ နားကြပ်ဖြင့် သီချင်းနားထောင်ခြင်းများ ရှောင်ပါ။ (မိမိ သွားမည့် လမ်းတစ်လျှောက်တွင် ရဲ ၊ လုယက်သူ ၊ ဓားပြတိုက်သူများ ရှိမရှိ သေချာကြည့်ပါ။) 

၂၅။ ခရီးသွားလာသော အချိန်တွင် အမြဲ သတိထားပြီး သွားလာကြပါ။ 

 ၂၆။ ခရီးသွားလာသော အချိန်တွင် ကွမ်းစားပြီး သွားလာခြင်း ရှောင်ပါ။ 

 ၂၇။ ရပ်ကွက်အတွင်း လုံချည်ဝတ်ဆင်ပြီး သွားလာခြင်း ရှောင်ပါ။ (အန္တရာယ်ကို ဖိတ်ခေါ်နေတာနှင့် အတူတူ ဖြစ်သည်။) 

 ၂၈။ အပြင်သွားလာသော အချိန်တွင် ရေမွှေးဗူး (သို့) ခြင်ဆေးဗူး အလတ်စား တစ်လုံးကို အမြဲဆောင်ထားပါ။ မိမိကို တစ်စုံတစ်ယောက်မှ တစ်ခုခု အန္တရာယ်ပြုလာပါက ၎င်းဗူးဖြင့် မျက်နှာကို ပက်ဖြန်း၍ မိမိ အန္တရာယ်ကို ကာကွယ်ပါ။ 

(လက်နက် ကိုင်ဆောင်ရင် ရဲတွေစစ်ရင် ပြသာနာရှိပေမယ့် အထက်ဖော်ပြပါ ပစ္စည်းများကို ကိုင်ဆောင်ပါက ပြသာနာ မရှိနိုင်ပါ။) တစ်စုံတစ်ယောက်မှ တစ်ခုခု အန္တရာယ်ပြုလာပါက အကောင်းဆုံး လက်နက် တစ်ခု အဖြစ် အသုံးပြုနိုင်ပါသည်။ 

=================================================== 

 အထက်ပါ အချက်များကို မလေးရှားနိုင်ငံအတွင်း နေထိုင်သော အချိန်အတွင်း ဂရုစိုက် ၊ သတိထားပြီး လိုက်နာ ဆင်ခြင်ပါက မိမိ အတွက်ရော အခြားသူများ အတွက်ပါ အကျိုးရှိစေပြီး အရာအားလုံး အဆင်ပြေမှာ ဖြစ်ပါတယ်။ 

မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် ဗဟုသုတအဖြစ် လိုက်နာရန်အတွက် တစ်ဆင့်ပြန်ရှယ်ပြီး မျှဝေပေးကြပါ။ 

 နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။