Home » , » မလေးရှား လေယာဉ် ခရီးသည် အလောင်းတွေ နယ်သာလန်ကို ရောက်လာ

မလေးရှား လေယာဉ် ခရီးသည် အလောင်းတွေ နယ်သာလန်ကို ရောက်လာ

Written By နေဇော် လင်း on Wednesday, July 23, 2014 | 11:16:00 PM


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားသူ ခရီးသည်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ် ၂ စီးဟာ ခါကိဗ် မြို့ကနေ ထွက်ခွာလာခဲ့ရာမှာ အခုအခါ နယ်သာလန် နိုင်ငံကို ရောက်ရှိလာပါပြီ။ သေဆုံးကြသူ ခရီးသည် အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ကြပြီး ဒီကနေ့ကို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။ 

 လေယာဉ်တွေ မဆိုက်ခင် နိုင်ငံတဝန်း ၅ မိနစ်ကြာ ခေါင်းလောင်းတွေ ဆက်တိုက် ထိုးကြပြီး အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူထားကြပါတယ်။ မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံရလို့ ပျက်ကျခဲ့ရတာ ဖြစ်ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားကြပါတယ်။ 

သူပုန်တွေဟာ အပျက်အစီး အကြွင်းအကျန်တွေကို ခြေရာကောက်လို့ မရအောင် တမင် ဖျက်ဆီးထားတာ တွေ့ရတယ်လို့လည်း ယူကေ အစိုးရက ပြောပါတယ်။ ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း စစ်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ် ၂ စီးဟာလည်း သူပုန်တွေရဲ့ လက်ချက်နဲ့ ပစ်ချခံလိုက်ရပါတယ်။ 

BBC Burmese 
မူရင်းသတင်း - http://www.bbc.co.uk/burmese/world/2014/07/140723_malaysian_plane_bodies.shtml 

Admin 
Thar Thar Lay @ သားသားလေး 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။