Home » , » မလေးရှားရောက် မြန်မာ လုပ်သားများ လုံခြုံရေး ဂရုပြုရန် မြန်မာ သံရုံး ထုတ်ပြန်

မလေးရှားရောက် မြန်မာ လုပ်သားများ လုံခြုံရေး ဂရုပြုရန် မြန်မာ သံရုံး ထုတ်ပြန်

Written By နေဇော် လင်း on Friday, July 11, 2014 | 2:30:00 AM

 
မလေးရှားနိုင်ငံတွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မလေးရှားရောက် မြန်မာနိုင်ငံသားများ   အနေဖြင့် သတိပြုနေထိုင်သွားလာရန်နှင့် လုံခြုံရေး  အထူးဂရုပြုရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက်တွင် နှိုးဆော်ထားသည်။ 

ထို့အပြင် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် မလေးရှား နိုင်ငံခြားရေး  ၀န်ကြီးဌာန ပြည်ထဲရေး  ၀န်ကြီးဌာနနှင့် လုံခြုံရေး  ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ် စောင့်ရှောက်ပေးရန်နှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်  ပတ်သက်၍ ကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

7day Daily (Myanmar) 
မူရင်း သတင်း - http://www.7daydaily.com/story/15487#.U77WKrH3J7Q 

 နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။