Home » , » စင်ကာပူရောက် မြန်မာအိမ်အကူများ သံရုံးသို့အချိန်မရွေး အကူအညီတောင်းခံနိုင်ဟုဆို

စင်ကာပူရောက် မြန်မာအိမ်အကူများ သံရုံးသို့အချိန်မရွေး အကူအညီတောင်းခံနိုင်ဟုဆို

Written By နေဇော် လင်း on Friday, July 11, 2014 | 2:26:00 AM

 
အသက်၂၂နှစ်အရွယ် အိမ်အကူ အမျိုးသမီးတစ်ဦး (ဓာတ်ပုံ− straitstimes.com) 

 စင်ကာပူရောက်မြန်မာ အိမ်အကူများ အတွက် လုပ်ခလ စာ၊ ကျန်းမာရေးဆေးကုသစရိတ် နှင့် နားရက်များအပါအဝင် အချက် ၁၀ ချက်ပါ အလုပ်သမား အခွင့်အရေးများကို မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံရုံးက ထုတ် ပြန်လိုက်ပြီး ယင်းအချက်များနှင့် ပတ်သက်၍ သံရုံးသို့အချိန်မရွေး လာရောက်အကူအညီတောင်းခံ နိုင်ကြောင်း သံရုံးကထုတ်ပြန် ထားသည်။ ဇူလိုင် ၈ ရက်စွဲဖြင့် မြန်မာ သံရုံးက ထုတ်ပြန်ခဲ့ပြီး မြန်မာ အိမ်အကူများ အချိန်မရွေးဆက် သွယ်အကူအညီတောင်းခံနိုင်ရန် ဟုဆိုကာ ဖုန်းနံပါတ်ခြောက်လုံး ကို ဖော်ပြထားသည်။ 

ထုတ်ပြန်ချက်တွင် မြန်မာ အိမ်အကူများသည် တစ်ပတ် လျှင် တစ်ရက်နားခွင့်ရှိခြင်း၊ နား ရက်မယူပါက အစားထိုးလုပ်ခ လစာရရှိခြင်း၊ အသွားအပြန်လေ ယာဉ်လက်မှတ်ကို အိမ်ရှင်က စီစဉ်ပေးခြင်း၊ ကျန်းမာရေးအာမခံ ထားရှိခြင်းနှင့် ထိခိုက်နာကျင်မှု နှင့် ဆေးဝါးကုသမှုအတွက် စင် ကာပူဒေါ်လာတစ်သောင်းခွဲ သုံးစွဲခွင့်ရှိရမည်တို့ပါရှိသည်။ 

 နေထိုင်မကောင်းပါက ဆေးခန်းပြခွင့်နှင့် လုံလောက် သောအစားအသောက်၊ အိပ်ချိန်ရှိရမည်ဖြစ်သည်။ အိမ်အကူ အတွက် အိပ်ခန်းသီးသန့်ပေးရ မည်ဖြစ်ပြီး နေ့ခင်းနားချိန်ပေးရ မည်။ အလုပ်လုပ်ကိုင်ခွင့်တွင် ဖော်ပြထားသည့် လိပ်စာတွင်သာ အလုပ်လုပ်ရမည်ဖြစ်ပြီး အလုပ် ရှင်၏ စားသောက်ဆိုင်၊ စက်ရုံ များတွင် လုပ်ကိုင်ခြင်းမပြုရဟု သံရုံးက ထုတ်ပြန်ထားသည်။ ‘‘သံရုံးထုတ်ပြန်ချက်မှာ ရေး သားထားတာပဲရှိတယ်။ ဘယ်လို ကူညီမလဲမသိရဘူး။ ထုတ်ပြန် ချက်မှာပါတဲ့ ဖုန်းခြောက်လုံး စလုံးကိုဆက်တယ်။ 

ဖုန်းဝင်ပေ မယ့် ကိုင်မယ့်သူမရှိဘူး။ သံရုံးက အခုထုတ်ပြန်ချက်အတိုင်းလုပ် မယ်ဆိုရင် အိမ်ရှင်ကို ဒါတွေပြော မှာလား။ ဒါမှမဟုတ် အေးဂျင့်ကို ပြောပေးမှာလား။ ဥပမာ အိမ် အကူက ဥပဒေအတိုင်းနားရက် မရရင် သံရုံးက ဘယ်လိုလုပ်ပေး မှာလဲ။ 

ထုတ်ပြန်ချက်ထက် လက် တွေ့ကျတဲ့ သံရုံးကူညီမှုလိုအပ် နေတာပါ’’ဟု စင်ကာပူရောက် ပြည်ပအလုပ်သမားများအရေး ဆောင်ရွက်နေသည့် Home မှ မကစ်တီက ပြောသည်။ မြန်မာနှင့် စင်ကာပူနှစ်နိုင်ငံ မှာ အိမ်အကူများကို တရားဝင် စေလွှတ်ရန် သဘောတူထားခြင်း မရှိ၍ နိုင်ငံသိက္ခာကျစေသော မြန်မာအိမ်အကူများကို သရုပ်ပြ ကာရောင်းကုန်အဖြစ် စေခိုင်းခြင်း မခံရစေရန် အိမ်အကူစေလွှတ် မှုကို တားဆီးသင့်ကြောင်း မြန်မာ အစိုးရက ပြောကြားထားသည်။ 

7day Daily (Myanmar) 
မူရင်း သတင်း - http://www.7daydaily.com/story/15396#.U77VLbH3J7Q 

 နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။