Home » , » ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ

ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ

Written By နေဇော် လင်း on Friday, July 11, 2014 | 2:22:00 AM

 
ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ 

Photo- Miss Universe Myanmar Organization 

မယ်စကြဝဠာ (မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ်တွင် ရွေးချယ်ချီးမြှင့်သည့် Miss Myanmar Thailand 2014 ဆုကို ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ရရှိခဲ့သည်။ 

ယင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက်ညက Phuket Orchid Resort ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်       လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အခြား  တိုင်တယ်ဆုများ  လည်းချီးမြှင့်ခဲ့ရာ 1st Runner Up ဆုကို ဆွီတီကို၊ 2nd Runner Up ဆုကို ဇွန်သံစဉ်၊ 3rd Runner Up ဆုကို ယွန်းမှီမှီကျော်နှင့် 4th Runner Up ဆုကို အိမ့်မြတ်နိုးတို့ ရရှိခဲ့ကြသည်။ 

မယ်စကြဝဠာ(မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များသည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ ပြိုင်ပွဲဝင်အကြိုလေ့ကျင့်သည့် အစီအစဉ်အပါအဝင် လေ့လာရေးခရီးစဉ် အဖြစ် ဇူလိုင် ၄ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ 

 7day Daily (Myanmar) 
မူရင်း သတင်း - http://www.7daydaily.com/story/15334#.U77TVrH3J7Q 

 နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။