Home » , » မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ (ရဲဖမ်းခံရရင် ဒီလို စိတ်အေးအေးထားပြီး ညှိနှိုင်းယူပါ။)

မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ (ရဲဖမ်းခံရရင် ဒီလို စိတ်အေးအေးထားပြီး ညှိနှိုင်းယူပါ။)

Written By နေဇော် လင်း on Monday, August 18, 2014 | 3:40:00 AM

 
-------------------------------------------------------------------------- 
မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ ဗဟုသုတ အဖြစ် ဖတ်ရှုပါ။ -------------------------------------------------------------------------- 

ကျ​နော်​ ဆရာလုပ်​ခြင်း မဟုတ်​ပါ။ မ​လေးရှား ရဲ​တွေနဲ့​တွေတဲ့ ​ပြောဆိုနိုင်​​အောင်​ သတိ​ပေးခြင်း အပြင်း​ပြေ ဗဟုသုတလို့ မှတ်ယူ ​စေချင်​ပါတယ်​။ ကျ​နော်​ အိုသမားဘ၀ ပထမဦးဆုံး အ​တွေ့ အကြုံပါ။ ညပိုင်း​ ဘောလုံးပွဲကြည့်​​နေတာ အာကြီးပွဲ ကျ​နော်​တို့ စားပွဲမှာ (၄​) ယောက်​ထိုင်​​နေတာ အာကြီးက ၂ - ၁ နဲ့ ရှုံးနေတာ ​ဘောပွဲ အာရုံရောက်​​ နေတုန်း ရဲကား (၂) စီးဝင်​လာတယ်​။ 

ကျ​နော်​တို့ (၄​) ယောက်​မှာ အိုသမားက (၂​) ယောက်​ အမှန်​သမားက (၂) ​ယောက်​ အိုသမား တ​စ်ယောက်​က ထွက်​​ပြေးမယ်​ ဆိုပြီး အခက်​ပြတယ်​။ မလွတ်​နိုင်​ဘူး မ​ပြေးနဲ့ဆိုပြီး ကျ​နော်​​ပြော​တော့ ငြိမ်​သွားတယ်​။ အမှန်​သမား (၂​) ယောက်​က ​ ကြောက်​​နေပြီ အိမ်​ပြန်​ချင်​​နေပြီ ....... ..... 

ကျ​နော်​က​တော့ ​ဘောပွဲပြီးမှ ထပြန်​လို့ အဆင်​​ပြေမယ်​ ဆိုတာ သိတယ်​။ အဲ့အချိန်​ဆို အများကြီး ထပြန်​မှာ ​ရောရောင်​ပြီး မ​လေး​တွေနဲ့ပြန်​ရင်​​ အေး​ဆေးလို့ တွက်​လိုက်​တယ်။ ဒါ​ပေမဲ့ အမှန်​သမား တ​စ်ယောက်​နဲ့ အိုသမား တ​ယောက်​က အ​ကြောက်​လွန်​​နေပြီ။ အဲ့ (၂​) ယောက်​ပြန်​ဆိုတာ တားမရဘူး။ ပြန်​ချင်​ပြန်​ကွာ ဆိုပြီး လွှတ်​လိုက်​တယ်​။ သူတို့ (၂​) ယောက်​ဆိုင်​​ အ​ပေါက်​၀ မ​ရောက်​ခင်​ ရဲက ခဏဆိုပြီး​ ခေါ်စစ်​တယ်​။ ကျ​နော်​ သိလိုက်​တယ်​။ 

သွားပြီ ဆိုတာကို အဲ့အချိန်​မှာပဲ ကျ​နော်​ စားပွဲကို တတ်ကြပ်​ကြီး တ​ယောက်​ လာထိုင်​တယ်​။ ဟို (၂) ​ယောက်​ကို ကျန်​တဲ့ ရဲ (၃) ​ယောက်​က စစ်​​နေတယ်​။ ရဲက ဘာမှ မ​ပြော​သေးဘူး ကျ​နော်​က ခပ်​တည်​တည်​နဲ့ပဲ ​ဆေးလိပ်​ဘူး ထိုး​ပေးလိုက်​တယ်​။ ကြောက်​​နေရင်​ ဒီအချိန်​မှာ ဖြဲ​ချောက်​ခံရမှာ ရဲက ​ဆေးလိပ်​ ထုတ်​​သောက်ပြီး ဘာ လူမျိုးလည်း​ မေးတယ်​ ကျ​နော်​လည်း မြန်​မာ လူမျိုးပါဆိုပြီး​ ဖြေလိုက်​တယ်​။ ရဲက ပတ်​စပို့​ တောင်းတယ်​။ 

ကျ​နော်​မှာ အဲ့တုန်းက Bro ကဒ်​ကိုင်​ထားတယ်​။ Bro ကဒ် ပေးလိုက်​​တော့ မင်းကို ဖမ်းလို့ ရပြီ​ပြန်​​ပြောတယ်​။ ကျ​နော်​လည်း ဘာဖြစ်​လို့ ဖမ်းတာလည်း ​မေးလိုက်​​တော့ မ​လေးမှာ ပတ်​စပို့ကလွဲရင်​ အကုန်​ဖမ်း လို့ရတယ်​​ပြောတယ်​။ ထသွားတဲ့ ၂​ယောက်​လည်း ပြန်​​ရောက်​လာတယ်​ ပါမစ်​ မှန်​မမှန်​ ရဲ (၂) ​ယောက်​က ကားထဲမှာ သွားစစ်​တယ်​ ကျ​နော်​တို့လည်း ​ ဘောပွဲ ထိုင်​ကြည့်​​နေတယ်​။ 

 ၅မိနစ်​​ လောက်​ကြာ​တော့ ပါမစ်​သွားစစ်​တဲ့ (၂) ​ယောက်​ ပြန်​​ရောက်​လာတယ်​။ ပါမစ်​မှန်​တယ်​ ကျ​နော်​တို့ (၂) ​ယောက်​ကို ​အေး​ဆေး လိုက်​ခဲ့ဖို့​ ပြောတယ်​။ ကား​ပေါ်​ရောက်​တာနဲ့ တ​ယောက်​ ၃၀၀​ တောင်းတယ်​ ကျ​နော်​တို့စီမှာ (၂​)ယောက်​​ပေါင်း ပိုက်​ဆံထုတ် ​​ရေလိုက်​​တော့ ၄၉ ကျပ်​ပဲရှိတယ်​။ တ​ယောက်​ ၃၀၀ မ​ပေးရင်​ စမုံညင်း ကန့်​ထဲထည့်​မယ်​ ဆိုပြီး ခြိမ်း​ချောက်​တယ်​။ 

ကျ​နော်​တို့ ​ဘောပွဲကြည့်​တဲ့ ​နေရာက ကာဂျမ်း ဘူကစ်​မယ်​၀ စုံမုံညင်းကန့်​နဲ့က နီးနီး​လေး ကျ​နော်​က ၁​ယောက်​ ၅၀ နဲ့ညှိတယ်​။ သူက ​ဈေး​လျှော့​ပေးတယ်​ တ​ယောက်​၂၀၀ မ​ပေးနိုင်​ဘူး​။ ပြော​တော့ ရတယ်​တဲ့ မင်းတို့ ကန့်​ထဲမှာ​ နေ​ပေါ့တဲ့။ ကျ​နော်​လည်း ရပါတယ်​ မင်းသ​ဘော​ပေါ့​။ ပြောလိုက်​တယ်​ ငါပြန်​ထွက်​လာရင်​ UN ရမှာပဲ​ပြောလိုက်​တယ်​။ 

နောက်​ဆုံးညှိရင်း ညှိရင်းနဲ့ (၂​) ယောက်​ ၁၅၀ နဲ့သွားတည့်​တယ်​။ ငါတို့ပိုက်​ဆံမရှိဘူး ဖုန်းယူသွားလို့​ပြော​တော့ မင်းသူငယ်​ချင်းဆီ ဆက်​တဲ့ နံပတ်​​ မေ့​နေတယ်​​ ပြော​တော့ ငါဆီမှာရှိတယ်​တဲ့။ ဘယ်​အချိန်​က ဖုန်းနံပတ်​ ယူထားလိုက်​လည်း မသိဘူး။ သူငယ်​ချင်း​တွေကို ​ ဘောပွဲကြည့်​တဲ့​နေရာ ပြန်ချိန်းပြီး ပိုက်​ဆံသွားယူပြီး ရဲကို​ပေး​တော့ အိမ်​လိုက်​ ပို့​ပေးမယ်​ ​ပြောတယ်​။ 

ရတယ်​ ငါတို့ ဘာသာပဲ ပြန်​​တော့မယ်​လို့ မနည်း​ပြော ယူရတယ်​ ဒါက​တော့ ကြာပါပြီ။ ကျ​နော်​​ ပြောချင်​တာက ရဲတွေ့ရင်​ မ​ကြောက်​နဲ့ ဒါ​ပေမဲ့ ဂျစ်​ကန်​ကန်​ မ​ပြောနဲ့ မလွတ်​ရင်​ မ​ပြေးနဲ့ ​အေး​ဆေး​ပြောလို့ရတယ်​။ 

ဒါက ကျ​နော်​ရဲ့ အ​တွေ့အကြုံ သက်​သက်​ဖြစ်​တဲ့ အတွက်​ ကျ​နော်​ ​ပြောသလိုလည်း မလုပ်​နဲ့​ပေါ့။ အ​ခြေအ​နေ ကြည့်​ပြီး​ ပြောဆိုပါ။ အေး​ဆေး​ပြောဖို့လိုတယ်​။ သနား​အောင်​​ ပြောဖို့လိုတယ်​။ ဒါဆိုရင်​ အဆင်​​ပြေတာများပါတယ်​။ ​နောက်​လည်း ကျ​နော်​ အ​တွေ့အကြုံ လေး​တွေ တင်​​ပေးပါ့မယ်​။ 

Ko Sein Lin (ရှားအလမ်း) - ပေးပို့သည်။ 

================================================== 
စာဖတ်သူ မလေးရှား နိုင်ငံရောက် ညီအစ်ကို မောင်နှမတွေ အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့သော အဖြစ် အပျက်များကို အခြားသူများ သင်ခန်းစာ ရစေရန် ဗဟုသုတ ရစေရန်အတွက် ရေးသား ပေးပို့နိုင်ပါသည်။               
================================================== 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4

Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။