Home » , » အလည်ဗီဇာအတု ပထမ ၅၂ ဦး ထောက်ဒဏ် တစ်နှစ်စီ အမိန့်ချခံရ

အလည်ဗီဇာအတု ပထမ ၅၂ ဦး ထောက်ဒဏ် တစ်နှစ်စီ အမိန့်ချခံရ

Written By နေဇော် လင်း on Tuesday, August 12, 2014 | 7:28:00 PM

 

အလည်ဗီဇာအတု ပထမ ၅၂ ဦး ထောက်ဒဏ် တစ်နှစ်စီ အမိန့်ချခံရ 

******************************************************** 

မလေးရှား သတင်း (၁၂.၈.၂၀၁၄) 

 ပြီးခဲ့တဲ့ 8.7.2014 ည AK 503 ဖြင့်မလေးရှားသို့ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၅ ဦးတွင် ယနေ့ ပထမ အသုတ် စီရင်ချက်ချသည့် ဗီဇာတုံး အတု ပြုလုပ်ပြီးဝင်လာသော ၅၂ ဦးအား မလေးရှား တရားရုံးက ယနေ့ ထောက်ဒဏ် တစ်နှစ်စီချမှတ်လိုက်ကြောင်းသိရသည် ။ 

ဝင်ရောက်လာသူ ၇၅ ဦးတွင် ခေါင်းဆောင် ၃ ဦးပါဝင်ပြီး တစ်ဦးမှာ စကားပြန် အမျိုးသမီးဖြစ်ကြောင်းသိရသည် ။ ဝင်ရောက်လာသူ ၇၅ ဦးတွင် ဗီဇာ အမှန်ရရှိထားသူ များမှာ အစိုးရသက်သေအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး တရားခံ ၃ ဦးအား အမိန့်ချမှတ်မည့် ၁၉.၈.၂၀၁၄ အပြီးတွင် မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်းသိရသည် ။ 

ဝင်ရောက်လာသူ ၇၅ ဦးတွင် တစ်ချို့မှာ မလေးရှားသို့ ဟာရီယာရာပိတ်ရက် အမှန်တကယ်အလည်ရောက်ရှိလာသူများပါဝင်ပြီး ထိုသူများ၏ မိသားစုဝင်များမှာ မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံရှိ တာဝန်ယူ ခေါ်ဆောင်ပေးသူများကို ဆက်လက်တိုင်ကြားသွားမည်ဟု အဖမ်းခံရသူများ၏ မိသားစုဝင်များက ယနေ့တရားရုံးတွင် ပြောကြားသွားကြကြောင်းသိရသည် ။ 

ပစ်ဒဏ်ခံရသူ ၅၂ ဦးတွင် အချို့မှာ ရှေ့နေငှားကာ ခြေပသော်လည်း တရားရုံးမှ အားလုံး မည်သည့် ခြေပချက်ပေးစေကာမူ ပစ်ဒဏ်တစ်နှစ်စီသာ ချမှတ်ကြောင်း မြန်မာသံရုံးမှ သွားရောက် ဖြေရှင်းခဲ့သူများထံမှသိရသည်။ ဆက်လက် ပြီး ပစ်ဒဏ်ခံရသူများအတွက် မြန်မာသံရုံး မှတာဝန်ရှိသူများ နှင့် မိသားစုဝင်များက အယူခံဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။ ဆက်လက်ပြီး သိရှိရပါက တင်ဆက်ပေးသွားမည် ။ 

မလေးရှားရောက်မြန်မာများ FACEBOOK 
မူရင်း - www.facebook.com/mmrinmy 

Admin 
Thar Thar Lay1 @ သားသားလေး 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။