Home » , » မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ ဖတ်ရန် အသိပေးစာ (၁)

မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ ဖတ်ရန် အသိပေးစာ (၁)

Written By နေဇော် လင်း on Wednesday, August 27, 2014 | 4:23:00 PM

ကျနော်တို့ လူမျိုးတွေ က အရေးမပါတဲ့ အလုပ်တွေ ဆိုရင်လည်း သိပ်လုပ်ကြတယ် ။ ရွာမှာ ကျနော်တို့ အိမ်ဘေး က ဦးလေးကြီး မူးလာရင်ပြောတဲ့ စကားလေး သိပ်ကြိုက်တယ်။ သူပြောတာက " လူဆိုတာ ဒူးနေရာဒူး တော်နေရာ တော်ရတယ် " တဲ့ ။ သူနေရာနဲ့ သူ နေတတ် ထိုင်တတ်ဖို့ သိပ် အရေးကြီးတယ်။ အ၀တ်အစား ကောင်းတာ တွေကို ဘယ်သူ မကြိုက်ပဲ နေမှာလဲ ။ 

ဖုန်းအကောင်း စားတွေကို ဘယ်သူ မကိုင်ချင်ပဲ နေမှာလဲ ။ လူတိုင်း အကောင်းစား တွေပဲ သုံးချင်ကြတာပေါ့ ။ ဒါပေမယ့် ကျနော်တို့ တစ်တွေ စဉ်းစားရမယ် ။ လူမှန် နေရာ အမှန် ကိုရွေးတတ် ရမယ်။ တစ်ချို့တွေဆိုရင် ခုနစ်နှစ် ၊ ရှစ်နှစ်နေပြီး ရွာကို အပြီးဆိုပြီး ပြန်သွားတယ် ။ နောက်ထပ် ၅ လလောက်  နေတော့ ပြန်ရောက်လာတယ် ။ 

ဘာလို့ပြန် လာတာလဲ မေးတော့ ဘာမှလုပ်ကိုင် စားသောက်စရာကို မရှိလို့တဲ့ ။ အကြောင်းအရာ တစ်ခု ဖြစ်လာရင် ဘယ်ကိစ္စမဆို ဒေါသကို ရှေ့ထားပြီး အလျှင်လို ဆုံးဖြတ်တတ်ကြတယ်။ ပြသာနာ တစ်ခုဖြစ်တိုင်း ဘာကြောင့်ဖြစ်လဲ ? ဒီလို ဖြစ်သင့်လား လုပ်သင့်လား ? ဆိုတာက အသေးစိပ် မစဉ်းစားကြပါဘူး။ မင်းဘာကောင်လဲ ငါဘာကောင်လဲ ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ပြီး ပြသနာတွေဖြစ် ရန်တွေဖြစ်ကြတယ်။ 

နောက်ဆုံး အသက်ပါ ဆုံးရှုံးကြတဲ့အထိ ဖြစ်ပါတယ်။ မလေးရှားကို ရောက်နေတဲ့ အချိန်မှာ ကိုယ်တိုင် အသိရှိရှိ လိမ်လိမ် မာမာနေရင် နေထိုင်ရင် ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ပါ အရေးပါပြီး အားကိုးရတဲ့ သားသမီးတွေ ဖြစ်လာမှာပါ။ မလေးရှားမှာ နေတုန်းက ရသမျှ လစာလေးကို ဘီယာဆိုင် အရက်ဆိုင်မှာ ဖြုန်းပြီး အိမ်ကိုကျတော့ ပိုက်ဆံပို့မထားပဲ ပြန်သွားတော့ လာတုန်း ကအတိုင်းပဲပေါ့ ။ ဘာထူးလို့ လဲ ။ အသက်ကြီးသွားတာပဲ အဖတ်တင်တယ် ။ "ဒုံရင်းက ဒုံရင်းပဲ" ။ 

ကျနော်ကို လူတစ်ယောက် ဆုံးမ ဖူးတယ် ။ ငါ့ညီ " သူများကို လိမ်တာက သူများပဲ ခံရတာ ၊ ကိုယ်ကိုယ်ကို လိမ်ရင်တော့ ကိုယ်ပဲ ခံရမှာနော် " တဲ့။ အဲစကားလေးကို ကျနော် အရမ်း သဘောကျသွားတယ် ။ မလေးရှားမှာ ကိုယ့်ကိုကိုယ် လိမ်နေတဲ့ သူတွေ အများကြီးရှိတယ် ။ သူတို့တွေဟာ ရွာပြန်ရောက်မှ အလိမ်ပေါ်မှာ ။ လောကမှာ " မရှိတာကို အရှိလုပ် " "ခဏတာကို တစ်ဘ၀တာထင် " ပြီး ကိုယ့်ကိုယ်ကို လိမ်နေတဲ့ သူတွေဟာ ဆင်းရဲဒုက္ခကို လက်ရပ်ခေါ်နေတာနဲ့ အတူတူပါပဲ ။ 

 မလေးရှား မှာ သူဘာသာ ဘယ်လောက် ကောင်းတာကြီးပဲ ၀တ်ထား ၀တ်ထား အားကျစရာ မလိုဘူး ။ မြန်မာနိုင်ငံက ကိုယ့်မိသားစု မှာဖြင့် ထမင်း နပ်မှန်အောင် စားရဖို့ကြိုးစားနေတဲ့ အချိန်မှာ မလေးရှားရောက်နေတဲ့ သားက သူဌေးလိုလို အလုပ်ရှင်ကြီးလိုလိုနဲ့ ၀တ်ကောင်း စားလှတွေဝတ်ပြီး ကဲနေလေရဲ့။ ဒီလူတွေဟာ ကိုယ့်ကိုယ်ကို ညာနေတဲ့ သူတွေပဲ ။ မလေးရှားသွားတွေရဲ့ ဘ၀တွေဟာ ရွာပြန်ရောက်မှ " မင်းဘာကောင်လဲ ငါဘာကောင် လဲ " ဆိုတာကို သိရမှာ ။ မလေးရှားမှာ တော့ အားလုံးအား တန်းတူပါပဲ ။ 

ညီအကို နှစ်ယောက် လည်း တွေ့ဖူးတယ် ။ အကိုက ညီထက် ၁ နှစ် စောပြီး မလေးရှားကို ရောက်တယ် ။ ညီကမလေးရှားမှာ သုံးနှစ်နဲ့ သိန်းကိုးဆယ် ပို့ပြီး ပြန်သွားလေရဲ့ ။ ညီဖြစ်သူမှာ မလေးရှား ရဲ့ အထင်ကရ နေရာဖြစ်တဲ့ တာဝါညီနောင် (KLCC ) ကို မသွားခဲ့ရှာဘူး ။ အကို ဖြစ်သူကတော့ မလေးရှားမှာ မူးရူးသောက်စားပြီး မလေးရှားမှာ ၁၀ နှစ်ပြည့်တော့မယ် စုစုပေါင်း ၇ သိန်း ပဲ ပို့ရသေးတယ်တဲ့ ။ ဘယ်လောက်ကွားခြားလဲ ဆိုတာ အဲဒီ ညီအကို နှစ်ယောက်ကို ကြည့်တာနဲ့ သိပါတယ် ။ 

မလေးရှား ရွှေညီအကို မောင်နှများအတွက် အပြုသဘောလေးနဲ့ ရေးသားလိုက်ရပါတယ် ။ လူဘ၀မှာ "မမှားသော ရှေ့ နေ မသေသာဆေးသမား " မရှိသလို မမှားကင်းတဲ့ သူဆိုတာ မရှိ ပါဘူး ။ မှားနေတာကို အခုသိရင် အခုပဲ စပြင်ပါ ။ အချိန်တွေ နောက်မကျသေးပါဘူး ။ ကျနော်ကိုယ်တိုင်လည်း မှားခဲ့ဖူးပါတယ် ။ ကျနော်ကြိုးစားပြီးပြင်ခဲ့ လို့ အခုလို တစ်ဆင့် ပြန်လည် မျှဝေနိုင်တာပါ ။ ကျနော်တို့ လူမျိုးတွေ က ကျွန်မျိုးတွေ မဟုတ်ပါဘူး ။ 

သူများနိုင်ငံမှာ အမြဲတမ်းလည်း အလုပ်လုပ်စရာ မလိုပါဘူး ။ ရတဲ့ ပိုက်ဆံလေးတွေ ကို စည်းကမ်းတကျ စုဆောင်း မိမိနိုင်ငံကို ပြန်ကြပါစို့ ။ ကျနော်တို့ နိုင်ငံကြီးကို အမှန်တကယ် သူများနိုင်ငံတွေ နဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကျနော်တို့တွေ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲချီတက်ကြပါစို့ ။ 

မလေးရှားမှာ ရောက် နေတဲ့ အချိန်လေးတွေကို မူးရူးသောက်စား မနေပဲ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကျနော်တို့ရဲ့ အနာဂါတ် တွေ လှပဖို့ ကြိုးပမ်းကြစို့ ။ 

အမှားကို ပြင် ၊ အမှန်မြင် ပြီး အနာဂါတ် မျိုးဆက်သစ်လေးတွေရဲ့ အနာဂါတ်လှပဖို့ ခင်ဗျားတို့ ကျနော်တို့ တွေ မြေတောင် မြှောက်ပေးကြပါစို့ လို့ ... တိုက်တွန်းရင်း ကျနော့်ရဲ့ အမြင် ကျနော်ရဲ့ ကိုယ်တွေ့လေး တွေကို တင်ပြ လိုက်ရပါတယ်။ 


မလေးရှားရောက် ရွှေညီအကို မောင်နှမများ ဘေးဘယာ ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။ 

စိုးလွင် (ခေတ္တ မလေးရှား ) မှ ပေးပို့သည်။

 နေဇော်လင်း @ Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။