Home » , » ညီမလေး ဖတ်ဖို့ ....

ညီမလေး ဖတ်ဖို့ ....

Written By နေဇော် လင်း on Thursday, September 4, 2014 | 8:36:00 PM

ညီမလေး ဖတ်ဖို့ ....

ညီမလေး
အင်တာနက် Facebook ပေါ်က လူတိုင်းကို
သူငယ်ချင်းစရင်းထဲ လက်ခံလို့ မရတဲ့ လူတွေ
အများကြီး ရှိတယ်ဆိုတာ ညီမလေးကို
သိစေချင်တယ်။

ညီမလေး
ရန်သူဆိုတာ စာရေး ထားတာ မဟုတ်ဘူး။
အမှတ် အသားပါတာ မဟုတ်ဘူး။
လူတိုင်းကို သတိထားပြီး ပေါင်းသင်းတတ်ဖို့
လိုအပ်တာ ညီမလေးကို သိစေချင်တယ်။

ညီမလေး
ညီမလေးကို သဘောရိုးနဲ့ ခင်သူတွေရှိသလို
တစ်ခုခု ပြသာနာ ရှာချင်လို့ ညီမလေးဆီက တစ်ခုခု လိုချင်လို့
လာခင်တဲ့ လူတွေရှိတယ် ဆိုတာ ညီမလေးကို သိစေချင်တယ်။

ညီမလေး
ညီမလေး ပေါင်းသင်းနေတဲ့ သူငယ်ချင်း မိတ်ဆွေတွေမှာ
ဘဝအတွက် ကောင်းတဲ့လမ်းကို ညွန်ပြသူတွေ ရှိသလို
ညီမလေး ဘဝကို လမ်းမှားရောက်အောင် လုပ်မည့်သူတွေ
ရှိတယ် ဆိုတာညီမလေးကို သိစေချင်တယ်။

ညီမလေး
ဘာပဲဖြစ်ဖြစ် လူတိုင်းနဲ့တော့ ပြသာနာ မဖြစ်အောင်
အဆင်ပြေအောင် စကားပြောပြီး လူတိုင်းကို လေးစား
တန်ဖိုးထားပြီး ဆက်ဆံဖို့ လိုအပ်တယ် ဆိုတာ
ညီမလေးကို သိစေချင်တယ်။

ညီမလေး
လူတိုင်းကို မာနထားပြီး မဆက်ဆံမိစေနဲ့။
လူတိုင်းကို အထင်လည်း မကြီးမိစေနဲ့ ၊ အထင်လည်း
မသေးမိပါစေနဲ့ အဆင်ပြေအောင် စကားပြောဆက်ဆံဖို့
ညီမလေးကို အသိပေး ဆုံးမ ပြောပြချင်တယ်။

ညီမလေးရဲ့ အစ်ကို

နေဇော်လင်း
4.9.2014 - 8:35 PM
Free Online Radio Media (Malaysia News)

နေဇော်လင်း @ Nay Zaw Lin1
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။