Home » , » TAXI နံပတ် HBA 9365 သတိထားပါ ရွှေမြန်မာများတို့ ဒီနေ့ပဲ အလိမ်ခံ လိုက်ရတယ်

TAXI နံပတ် HBA 9365 သတိထားပါ ရွှေမြန်မာများတို့ ဒီနေ့ပဲ အလိမ်ခံ လိုက်ရတယ်

Written By နေဇော် လင်း on Friday, October 31, 2014 | 8:37:00 PM

 

TAXI နံပတ် HBA 9365 သတိထားပါ ရွှေမြန်မာများတို့ ဒီနေ့ပဲ အလိမ်ခံ လိုက်ရတယ်....

မန်မာ ၃ ယောက် ဒီနေ့ မနက် ၁၁ နာရီခန့် အချိန် KL မြန်မာဆိုင်တန်းရှေ့ မှ KLIA သို့ ကားငှါးစီးရာ ရင်းဂစ် ၉၀ နဲ့ဈေးတည့်သွားပြီး လေဆိပ်ကို ဌားသွားခဲ့ပါတယ်။ KLIA နှင့် NILAI လမ်းခွဲ အရောက်တဲ့ အချိန်မှာ KLIA ဘက်မသွားပဲ NILAI ဖက်ကို ဆက်မောင်းပြီး ခဏအကြာတွင် ကားပေါ်မှဆင်း ခိုင်းကာတစ်ယောက် တစ်ယောက်ကို မလေးငွေ ၉၀/-တောင်းပါတယ်။ 

ပိုက်ဆံမြင်တော့ ဘယ်လိုမှ ဈေးညှိလို့ မရ ၊ ပြောလို့မရတော့ဘူး ။။။ ရဲစခန်းသွားမယ် ဘာမယ်ပြောတော့ လေယာဉ်ကွင်း သွားမယ့် မြန်မာ ၃ ယောက်က အမှန်သမားတွေ ဖြစ်ပေမယ့် အချိန်မရတာနဲ့ နောက်ဆုံး မလေး ၂၀၀/- ပေးခဲ့ရပါတယ်။ တိုင်စီ မောင်းသမားက မလေးရှားလူမျိုးပါ။ လူလတ်ပိုင်း အရွယ် ဖြစ်ပါတယ်။ 

NILAI လမ်း အဝင်ကနေ နောက်ထပ် ကားတစီး ထပ်ငှါးပြီး လေဆိပ် ဆက်သွားရပါတယ်။ ကားနံပါတ် မှတ်ထားပြီး ရွှေမြန်မာ များရှောင်ရှား သွားလာနိုင်ရန် မလေးရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများအား သတိပေးလိုက်ပါတယ်။ မလေးရှားမှာ TAXI စီးရင် သတိထားကြပါ။ 

လူငယ်ပိုင်း လူလတ်ပိုင်း မောင်းတဲ့ TAXI တွေ မစီးကြပါနဲ့ ၊ မလေးအဖိုးကြီး ၊ တရုတ်အဖိုးကြီး မောင်းတဲ့ လူကြီးပိုင်း TAXI မောင်းတဲ့သူတွေကို ဌားစီးကြပါ။ ကိုယ့်စိတ်ထဲ မသင်္ကာဖြစ်ရင် ကားရပ်ခိုင်းပြီး ကားပေါ်က ချက်ချင်း ဆင်းပါ။ TAXI စီးရင် အစစ အရာရာ ဂရုစိုက်ကြပါ မလေးရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ ။။။။။။။။ 

================================================ 

အပြင်သွားလာသော အချိန် TAXI စီးသော အချိန် သတိပြုလိုက်နာရန် အချက်များ 

 ၁။ ခရီးသွားသော အချိန်တွင် တန်ဖိုးရှိသော အရာများ ၊ လက်ဝတ် ရတနာများကို ဝတ်ဆင် သွားလာခြင်း ရှောင်ကြည်ပါ။ 

၂။ ညပိုင်းအချိန်တွင် နှင့် လူပြတ်သော နေရာများတွင် နောက်ဖေးလမ်းနှင့် လူသူကင်းမဲ့သည့် လမ်းများ ၊ နေရာများကို TAXI မောင်းသွားပါက သတိထားပါ။ 

 ၃။ Taxi ဌားသော အချိန်တွင် မလေးလူမျိုး ၊ အိန္ဒိယ လူမျိုး ကို မဌားပါနှင့် ၊ တရုတ်လူမျိုး အသက်ကြီးပိုင်း လူတွေကို ဦးစားပေးဌားပါ။ လူလတ်အရွှယ် နှင့် ဗလတောင့်သော သူများကို ရှောင်ပါ။ မြန်မာ Taxi ကို အသုံးပြုပါ။ မိမိနှင့် သိသော ခင်မင်သော စိတ်ချရသော Taxi သမားကို ဌားစီးပါ။ 

၎။ Taxi စီးပါက မိမိတို့ စီးခဲ့သော Taxi နံပတ် ၊ ယာဉ်မောင်း လိုင်စင် နံပတ်များကို မှတ်သား ထားပြီး ဘယ်ကား ဘယ်နံပတ်နဲ့ ဘယ်နေရာကနေ ကားစီးပြီး လာနေကြောင်းကို Taxi ယာဉ်မောင်း နားလည်သော ဘာသာစကားဖြင့် မိမိသွားမည့် သူငယ်ချင်းထံသို့ ဖုန်းပြောလိုက်ပါ။ 

(ဖုန်းကိုင်ပြီး တကယ် မဆက်ပဲ Taxi မောင်းသမားကြောက်အောင် ဟန်ဆောင်ပြီး မိမိကားနဲ့ လာနေကြောင်း ဖုန်းပြောလျှင်လည်း ရပါတယ်။) (ဒီလိုလုပ်ဆောင်ပါက Taxi မောင်းသမားမှ မိမိကားနံပတ် ၊ လိုင်စင်ကို သိနေသည်သဖြင့် မတရားကြံစည် ဓားပြတိုက်မှုမှ ကင်းဝေးမည်။) (သို့မဟုတ်) မက်ဆော့ ပို့၍ အကြောင်း ကြားထားပါ။ (အခုလို ပြုလုပ်ခြင်းသည် တစ်ခုခု ဖြစ်ပါက ရဲစခန်းကို အကြောင်းကြားနိုင်မည်။) 

===================================================== 

မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် ဗဟုသုတအဖြစ် လိုက်နာရန် အတွက် တစ်ဆင့် ပြန်ရှယ်ပြီး မျှဝေပေးကြပါ။ 

 Nay Zaw Lin1@ နေဇော်လင်း 
Free Online Media Malaysia (Radio & Live Tv) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။