Home » , » မလေးရှားတွင် UN Card အတု ကိုင်ဆောင်သော လူတိုင်း ဗဟုသုတအဖြစ် ဖတ်ရန်

မလေးရှားတွင် UN Card အတု ကိုင်ဆောင်သော လူတိုင်း ဗဟုသုတအဖြစ် ဖတ်ရန်

Written By နေဇော် လင်း on Thursday, October 23, 2014 | 3:59:00 PM


မလေးရှားတွင် UN Card အတု ကိုင်ဆောင်သော လူတိုင်း ဗဟုသုတအဖြစ် ဖတ်ရန်

ကိုနေဇော်လင်း က မလေးရှားရောက် မြန်မာတွေ အတွက် သတင်းတွေ ဗဟုသုတတွေကို  တင်ပေးနေတယ် ဆိုတော့ ကျွန်တော့် ကိုယ်တွေ့ကြုံရတဲ့ UN ကတ်နဲ့ ပက်သက်တဲ့ အကြောင်းကို  ကျွန်တော့် ကိုယ်စား ကိုနေဇော်လင်းပဲ ပြောပြလိုက်ပါ။

*********************************************************************

ဒါက ကျွန်တော်ရဲ့ တကယ့်ဖြစ်ပျက်တဲ့ အကြောင်းကို မလေးရှားရောက်နေတဲ့ မြန်မာများအတွက်  ဗဟုသုတ အဖြစ် ပြောပြပေးချင်ပါတယ်။

ကျွန်တော်တို့မြန်မာ လူမျိုးတွေ မလေးရှားမှာ အိုဗာစတေးဖြစ်တာ သိပ်များပါတယ်။  အထူးသဖြင့် အိုဗာစတေး ဖြစ်တဲ့သူတွေ ဆိုရင် Passport အတု UN အတု ကိုင်တာတွေ  အများကြီး တွေ့ရပါတယ်။

ကျွန်တော် သတိပေးချင်းတာက UN အတု ပေးမကိုင်ချင်တာပါပဲ Passport အတုက အေးဂျင့်  အလိမ်ခံရတယ် ဆိုရင် အပြစ်မကြီးပါဘူး။ ဘာမှ မရှိတဲ့ လူတွေလောက်ပဲ အပြစ် ခံရပါတယ်။  UN အတုက လိမ်လို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ UN က ပိုက်ဆံနဲ့ ဝယ်လုပ်လို့ မရလို့ပါပဲ။

အဖွဲ့အစည်းတွေကဘဲ UN ပေးတော့မယ်ဆိုရင် သူတို့ ကတ်တွေ လုပ်ဖို့အတွက် UN လုပ်ချင်တဲ့  သူတွေဆီက ပိုက်ဆံ အမျိုးမျိုး တောင်းတာပဲ ရှိတာပါ။

UN ရုံးမှာ ပိုက်ဆံမပေးရပါဘူး သူတို့မေးတာကို ကိုယ်က ဖြေနိုင်ရင် ကတ်ရပါတယ်။  ဒါကြောင့် UN ကို အတု ကိုင်လို့ရှိရင် ရဲအဆင့်လောက်တော့ ကိုယ့်ဘာသာ ဖြေရှင်းလို့ ရပါတယ်။  အော်ပရာဇီ ဖမ်းမိပြီး ရဲစခန်းတွေ ထောင်ထဲတွေ ရောက်ပြီဆိုရင်တော့ တော်တော် အပြစ်ကြီးပါတယ်။  ထောင်ထဲမှာလည်း ဒုက္ခများတယ်ပြီးရင် ကြိမ်ဒဏ် နှစ်ချက်လည်း ခံရတယ်။

ကျွန်တော် ဒီအကြောင်းတွေကို ဘာလို့သိတာလဲ ဆိုတော့ ကျွန်တော့်မှာ UN ကတ် အစစ်နဲ့ပါ။  ကျွန်တော် ပြီးခဲ့တဲ့ ၆ လလောက်က UN ကတ်ကို သူငယ်ချင်း တစ်ယောက်ဆီမှာထားခဲ့ပြီ ထိုင်းကို ခဏ ထွက်သွားပါတယ်။

ထိုင်းကနေ မလေးရှားကို ပြန်ဝင်လာတော့ လူပေါင်း ၄၀ကျော် မလေးနယ်စပ်မှာ အဖမ်းခံ ထိတယ်။  ကျွန်တော်က မလေးစကားကောင်းကောင်း ပြောတတ်တော့ ကျွန်တော် UN ကတ် အမှန်ကန်ရှိတာကြောင့်
ဖမ်းတဲ့ ရဲတွေ လဝက တွေကိုရအောင်ပြောတယ်။

သူတို့လည်း ကျွန်တော့်ကို ဘာမှမလုပ်ရဲ့ပါဘူး။ ကံကောင်းချင်တော့ သူတို့က ကျွန်တော့်ကို  မလေး မြန်မာ စကားပြန်ခန့်တယ်။ ဖမ်းလာတဲ့ အထဲမှာ ကျွန်နော် အပါဝင် ယောက်ျားထက် မိန်းကလေးတွေ  များပါတယ်။ ဖမ်းတာက ည ၁ နာရီ မနက် Bukitkayuhitam မှာ ဖမ်းတာပါ မိန်းကလေးတွေကတော့  သူတို့ကို တခုခုလုပ်မှာကြောက်တာပေါ့။

ဒါပေမယ့် ရဲတွေက ကျွန်တော့်ကို ပြောခိုင်းတယ် သူတို့ ခံရမယ့် အပြစ်ကလွဲလို့ ငါတို့ ဘာမှ မလုပ်ဘူးဆိုတဲ့  အကြောင်း ပြောခိုင်းတယ်။ ကျွန်တော့်ကို မင်းက တရားရုံးရောက်မှာ ပြောပြဆိုပြီး ဖမ်းထားတာပါပဲ။

ဒါပေမယ့် ကျွန်တော်က အချုပ်ထဲ မှာလည်း မြန်မာတွေ ကုလားအပါဝင် အားလုံးကို စကားပြန် လုပ်ပေးရတယ်။

အချုပ်မှာ တပတ်ကြာတယ် ပြီးမှ တရားရုံးကို ပို့ပေးတယ် တရားရုံးကတော့ ဘာမှ မရှိတဲ့ သူတွေ အားလုံးကို
ထောင် ၃လ ချလိုက်တယ်။ကြိမ်ဒဏ် မပါပါဘူး UN အတု ကိုင်တဲ့ သူတွေ မည်သူမဆို ထောင်၎လနဲ့ ကြိမ်ဒဏ်  နှစ်ချက်ပါပဲ။

ကျွန်တော်က UN အစစ် ဒါပေမယ့် UN ကတ်ပါမလာလို့ ထောင်မှာ နှစ်ပတ်နေခဲ့ရပါတယ်။  ထောင်ထဲမှာလည်း ကျွန်တော်နဲ့ချင်းတိုင်းရင်းသား တစ်ယောက်နဲ့ စကားပြန်လုပ်ရပါတယ်။

ထောင်ထဲမှာတော့ UN ကတ် အတုကိုင်တဲ့သူတွေ တော်တော် ဒုက္ခရောက်နေတာ တွေ့ရပါတယ်။          ဒါကြောင့် သူငယ်ချင်းတွေ အားလုံးကို UN အတု ပေးမကိုင်စေ ချင်တာပါ။ ကျွန်တော်တောင်မှ  UN အစစ်နဲ့ ထောင်နဲ့ အချုပ် အားလုံး ၃ပတ်ကြာမှာ UN ရုံးမှာ သွားစစ်ပေးတယ်။

ကျွန်တော် ကတော့ လွတ်လာပါတယ်။ ဒါပေမယ့် သူတို့က အမြဲတမ်းပြောတယ် UN ကတ်ကလဲ  မူစလင် လူမျိုးတွေပဲ ပေးတာပါလဲ။ မင်းတို့က မွတ်စလင် မဟုတ်ဘူး ဘာလို့ UN ရုံးကပေးတာလဲ ဆိုပြီး တစ်ချို့ ရဲတွေက မေးကြတာလည်း ရှိပါတယ်။

မူစလင်တွေ ကိုလည်း UN ကတ်ပေးသလို မြန်မာတွေ အနည်းစုနဲ့ မြန်မာ တိုင်းရင်းသားတွေ ကိုလည်း  ပေးတာ ရှိတယ်လို့ ကျွန်တော် ပြောပြလိုက်တယ်။

မလေးရှားမှာ Passport မရှိ UN ကတ် အစစ် မရှိတဲ့ သူငယ်ချင်းတွေ အားလုံး သွားသတိ လာသတိ  အိပ်သတိ စားသတိ ရှိကြပြီး အားလုံး ဘေးရန်ကင်းပြီး အမိမြေကို ဘေးရန်ကင်းစွာ ပြန်နိုင်ကြပါစေ။

ဒီပိုစ့်ကို မျှဝေပေးတဲ့ ကိုနေဇော်လင်း ကိုလည်း ကျေးဇူးတင် ပါတယ်။

ကျော်ထွန်းသန်း (ပီနန်) မှ ရေးသား ပေးပို့သည်။

နေဇော်လင်း (ORMM)

Nay Zaw Lin1@ နေဇော်လင်း
Free Online Media Malaysia (Radio & Live Tv)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။