Home » , » အင်ဒိုနီးရှားမှ စင်္ကာပူုသို့ ပျံသန်းသော Airasia လေယာဉ်တစ်စီး ထပ်မံ ပျောက်ဆုံး

အင်ဒိုနီးရှားမှ စင်္ကာပူုသို့ ပျံသန်းသော Airasia လေယာဉ်တစ်စီး ထပ်မံ ပျောက်ဆုံး

Written By နေဇော် လင်း on Sunday, December 28, 2014 | 2:56:00 PM

 

 အင်ဒိုနီးရှားမှ စင်္ကာပူုသို့ ပျံသန်းသော Airasia လေယာဉ်တစ်စီး ထပ်မံ ပျောက်ဆုံး

******************************************************************

မလေးရှား
အထူးသတင်း (28.12.2014)

မလေးရှားနိုင်ငံအခြေစိုက် တန်ဖိုးနည်း နာမည်ကြီးလေကြောင်းလိုင်းဖြစ်သော Airasia (အင်ဒိုနီးရှား) လေကြောင်းလိုင်းပိုင် လေကြောင်းအမှတ် QZ8501ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှ စင်္ကာပူ နိုင်ငံ ချန်ဂီလေဆိပ်သို့ပျံသန်သော လေယာဉ်တစ်စီး သည် ယနေ့ 28.12.2014 နံနက် အင်ဒိုနီးရှားစံတော်ချိန် နံနက် 5:35 (မလေး စံတော်ချိန် နံနက် 6:35) တွင် လေကြောင်းထိန်း မျှော်စင်နှင့် အဆက်အသွယ် ပြတ်ကာ ပျောက်ဆုံးနေကြောင်းယနေ့ နံနက် အင်ဒိုနီးရှား အာဏာပိုင်များက တရားဝင်ထုတ်ပြန်ကြော်ငြာလိုက်သည်။

အဆိုပါ လေကြောင်းအမှတ် Airasia QZ 8501 လေယာဉ်သည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ နိုင်ငံတကာလေဆိပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကာ ခရီးသည်စုစုပေါင်း 155 ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း 162 ဦး ကိုသယ်ဆောင်းပျံသန်းသွားခဲ့ကြောင်း သတင်းများကဖော်ပြသည် ။

အဆိုပါလေယာဉ်ပျောက်ဆုံးသည့်တည်နေရာမှာ လေကြောင်း ပြအင်တာနက် စာမျက်နှာတစ်ဖြစ်သည့် Flightradar24.com ၏ ဖော်ပြချက်အရ လတ္တီကျု့ - 4.1235 နှင့် လောင်ဂျီကျူ့ 110.3821 တည်နေရာတွင် အမြင့်ပေ 32,050 မှ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ထိုပျောက်ဆုံးသည့်လေယာဉ်မှ မည်သည့်အရေးပေါ် ဆက်သွယ်မှုမှ လက်ခံရရှိခဲ့ခြင်းမရှိခဲ့ကာ ပျောက်ဆုံးခြင်းဖြစ်ပြီး မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပျောက်ဆုံးသွားခဲ့သည့်အတိုင်း အစပျောက်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည် ။

လေယာဉ်ပျံသန်းပြီး အချိန် 42 မိနစ်အကြာတွင် အင်ဒိုနီးရှား Surabaya လေကြောင်း ကွပ်ကဲရေး ဌာန နှင့်အဆက်အသွယ်ပြတ်တောက်ခဲ့ကာ ပျောက်ဆုံးသွားသောနေရာမှာ ဂျာဘား ပင်လယ်ပြင်ထက် Kalimantan နှင့် Java ကျွန်းများအကြား ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ခရီသည်ပို့ဆောင်ရေးဝန်ကြီးဌာနမှ အတည်ပြုပြောကြားခဲ့ကြောင်းလည်းသိရသည် ။

မလေးရှားနိုင်ငံဝန်ကြီးချုပ် Datuk Seri Najib Tun Razak မှ ယနေ့သတင်းစာရှင်းလင်းပွဲတွင် သူ့ထံသို့ အဆိုပါ အဲအေးရှား လေကြောင်းအမှတ်စဉ် QZ8501 ပျောက်ဆုံးနေမှုအတွက် ဖုန်းခေါ်ဆိုမှုများစွာလက်ခံရရှိခဲ့ကာ ယခုအချိန်တွင် လေယာဉ်ပျောက်ဆုံးနေသည်ကို အတည်ပြုနိုင်ရုံသာရှိပြီး အခြားသော အချက်အလက် တစ်ခုမှ မသိရသေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည် ။

အဆိုပါပျောက်ဆုံးနေသော လေယာဉ်မှာ Airbus A320-200 အမျိုးအစားဖြစ်ပြီး ထိုလေယာဉ်ပေါ်တွင် အဓိက အင်ဒိုနီးရှား နိုင်ငံသား 149 ဦး ၊ ဗြိတိန် နိုင်ငံသား ၁ ဦး ၊ မလေးရှားနိုင်ငံသား ၁ ဦး ၊ ကိုရီးယားနိုင်ငံသား ၃ ဦး နှင့် စင်္ကာပူ နိုင်ငံသား ၁ ဦး စုစုပေါင်း 155 ဦးတင်ဆောင်သွားခဲ့ကြောင်း သိရသည် ။

နောက်ဆုံးသတင်းများအရ အဆိုပါ Airasia ဖလိုက်အမှတ် QZ 8501 သည် မပျောက်ဆုံးမီ အချိန် အနည်းငယ် အလိုတွင် အနည်းငယ် ကွေ့ ထားသည် ကို တွေ့ရှိရကြောင်း နောက်ဆုံး သတင်း များက ဖော်ပြထားသည်။

ယခု ပျောက်ဆုံးမှုသည် မလေးရှား အဲယားလိုင်း လေကြောင်းအမှတ်စဉ် MH-730 အပြီး ဒုတိယ မြောက် ဒဏ္ဍာရီ ဆန်ဆန်ပျောက်ဆုံးခြင်းဖြစ်ကာ သက်ဆိုင်ရာ နိုင်ငံ အလိုက် အာဏာပိုင်များမှ ယနေ့ အပူတပြင်း ရှာဖွေနေပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာနိုင်ငံသားများ   သိရှိစေရန် ဘာသာပြန်တင်ဆက်ပေး ပါသည် ။

ရွှေလူငယ် နိုင်ငံတကာ ခရီးသွားကုမ္မဏီ (မလေးရှား)
www.facebook.com/shwelungal

Ref : Thestar Online, Metro TV , Indonesia Daily , Channel News Aisa.
Photo : Thestar Online Internet Website.

Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။