Home » , » ပတ်စပိုစ့် အတု နှင့် ကဒ်အတုများ ကိုင်ဆောင်သူများ သိစေရန်အတွက်

ပတ်စပိုစ့် အတု နှင့် ကဒ်အတုများ ကိုင်ဆောင်သူများ သိစေရန်အတွက်

Written By နေဇော် လင်း on Wednesday, December 24, 2014 | 10:45:00 PM



ပတ်စပိုစ့် အတု နှင့် ကဒ်အတုများ ကိုင်ဆောင်သူများ သိစေရန်အတွက်

(မလေးရှားရောက် ညီအစ်ကို မောင်နှမများ ဖတ်ရန်)


ပတ်စပိုစ့် အတု နှင့် ကဒ်အတုများ ကိုင်ဆောင်သူများ သိစေရန်အတွက်

(သူများနာမည် နှင့် ကဒ်တစ်ခုခု ကိုင်ဆောင်သူများ) ရဲဖမ်းခံရလျှင်

သို့မဟုတ် ထောင်ကျနေရင် မိမိတို့၏ သူငယ်ချင်းများ မိတ်ဆွေများမှ

ကူညီဖို့ အတွက် မိမိတို့၏ နာမည်အမှန်ကို သိရှိဖို့ လိုအပ်ပါသည်။


အခုနောက်ပိုင်း ပတ်စပို့ အမှန်ကိုင်ဆောင် သူထံမှ

(ခေါင်းချိန်းပြီး ပတ်စပိုစ့် (သို့မဟုတ်) UN ကဒ် အပါအဝင် အခြားကဒ် တစ်ခုခုကို

ဆောင်သူများ အနေဖြင့် မိမိတို့ ကိုင်ဆောင်သော နာမည် နှင့် ပတ်စပိုစ့်နံပတ်

ကဒ်နံပတ်များကို မိမိတို့၏ သူငယ်ချင်းများ မိတ်ဆွေများကို ပြောပြထားပါ။


သို့မှသာ မိမိ အဖမ်းခံရပါက မိမိကိုင်ဆောင်ထားသော နာမည်များနှင့်

ရဲစခန်း သို့မဟုတ် ထောင်ကျနေသော နေရာများကို မေးမြန်းစုံစမ်းပြီး

ရှာဖွေ အကူညီပေးနိုင်ပါသည်။


ယခု ရက်ပိုင်း အဖမ်းခံရသော သူများကို အကူအညီပေးရာတွင်

မိမိတို့ ကိုင်ဆောင်သော နာမည် မသိသူများ ၊ ပတ်စပိုစ့် နံပတ် ၊ UN နှင့်

အခြားအဖွဲ့အစည်း ကဒ်တစ်ခုခု၏ နာမည် ကဒ်နံပတ်များကို မသိတဲ့

အတွက်ကြောင့် ကူညီပေးလို့ မရ စုံစမ်း၍ မရပဲ ဖြစ်နေပါသည်။


နာမည် အမှန် ပတ်စပိုစ့် အမှန်နှင့် နေထိုင်သူများ UN ကပ် အမှန်နှင့် အခြားအဖွဲ့အစည်း

ကဒ်အမှန်နှင့် နေထိုင်သူများ အတွက် ပြသနာ မရှိပေမယ့် သူများ နာမည်နဲ့ ပတ်စပိုစ့်နှင့်

UN ကပ် အခြားအဖွဲ့အစည်း ကဒ်များကို နာမည်အမှန် ဓာတ်ပုံချိန်းပြီး နေထိုင်သော

ညီအစ်ကို မောင်နှမများ အတွက် မိမိတို့ ကိုင်ဆောင်သော အထောက်အထားများကို

မိမိတို့၏ သူငယ်ချင်းများ မိတ်ဆွေများကို ပြောပြထားခြင်းဖြင့် မိမိ အခက်အခဲ ရှိပါက

အကူညီပေးနိုင်ကြောင်း အသိပေးလိုက်ပါတယ်။


ဒီသတင်းကို ဖုန်းဆက်ပြီး ပြောပြပေးသော ဦးချမ်း အား ကျေးဇူးတင်ပါသည်။


NAY ZAW LIN1 @ နေဇော်လင်း

Free Online Media Malaysia (Radio & Tv Live)

Free Online Tv Website - www.nayzawlin.com

Free Media Website - www.malaysiaonlineradiomedia.com


Free 4D Facebook Page - https://www.facebook.com/nayzawlin18

Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

2 comments:

Kyaw naing oo said...

ပတ်စ်ပို့ ပါမစ် အတုအစစ် ခွဲခြားနိုင်အောင် ကြည့်လို့ ရတဲ့

လင့်လေးမစပါဦး ကိုနေဇော်လင်း

ကျေးဇူးတင်စွာဖြင့်

Kyaw naing oo said...

ပါမစ်မှန် မမှန် စစ်လို့ ရတဲ့ လင့်မစပါဦး ကိုနေဇော်လင်း

ကျေးဇူးတင်စွာဖြင့်

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။