Home » , » မလေးရှားနိုင်ငံတွင် ဗီဇာ အတုဖြင့် ထောင်ချခံရသူ မြန်မာများ ဒီဇင်ဘာ ၁၅ ပြန်မည်

မလေးရှားနိုင်ငံတွင် ဗီဇာ အတုဖြင့် ထောင်ချခံရသူ မြန်မာများ ဒီဇင်ဘာ ၁၅ ပြန်မည်

Written By နေဇော် လင်း on Saturday, December 13, 2014 | 5:40:00 PM

မလေးတွင် ဗီဇာအတုဖြင့် ထောင်ချခံရသူ မြန်မာများ ဒီဇင်ဘာ ၁၅ နေရပ်ပြန်မည်

ဗီဇာအတုကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းခွင့်ပေးခဲ့ပြီးနောက် လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်နိုင်ငံ ပြန်ကြမယ်လို့ မလေးရှား မြန်မာသံရုံး တာဝန်ရှိသူတဦးက
ပြောပါတယ်။

“မြန်မာ့လေကြောင်း MAI- 502 နဲ့ပြန်မှာပါ။ KL ကနေ ညနေ ၇ နာရီထွက်မှာ မြန်မာနိုင်ငံ ကို ၈ နာရီရောက်မယ်။”

ထောင်ကနေ ပြန်လွတ်က တည်းက ဒီမြန်မာနိုင်ငံသားတွေကို မလေးရှား လ၀က ထိန်းသိန်းရေးစခန်းမှာပဲ သူတို့ကို နေရာချထားပေး တယ်လို့လည်း ပြောပါတယ်။

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံသားတွေကို ဗီဇာအ တုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေးဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတု  ကိုင်ထားတဲ့ ကလေး သူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာသံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာ လဆန်းပိုင်းက  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။

DVB TV News
http://burmese.dvb.no/archives/73638

NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။