Home » , » ကွာလာလမ်ပူ အော်ပရာစီ အဖမ်းအဆီးတွင် မြန်မာ ၆၀ ဖမ်းဆီးခံရ

ကွာလာလမ်ပူ အော်ပရာစီ အဖမ်းအဆီးတွင် မြန်မာ ၆၀ ဖမ်းဆီးခံရ

Written By နေဇော် လင်း on Monday, January 12, 2015 | 11:53:00 PM


ကွာလာလမ်ပူ အော်ပရာစီ အဖမ်းအဆီး ယခုည စာရင်း ထုတ်ပြန် မြန်မာ ၆၀ ဖမ်းဆီးခံရ
********************************************************************************
မလေးရှား
ယနေ့အော်ပရာစီသတင်းနောက်ဆက်တွဲ (11.1.2015)

၁၁.၁.၂၀၁၅ ရက် နေ့လည် ၁၂ နာရီမှ ၃ နာရီကြား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာဆိုင်တန်းများအနီး Mydin ရှေ့တွင် Massive Dragnet ခေါ် စုပုံရှင်း စစ်ဆေးရေး အော်ပရာစီ အကြီးစား ပြုလုပ်သွားခဲ့ပြီး ဖမ်းဆီးရေးအဖွဲ့များအဖြစ် ပြည်သူ့ရဲ ၊ စည်ပင် ၊ လဝက အစရှိသည့် အင်အားရာကျော်ပါဝင်သော ကား ၁၀ စီးခန့်ဖြင့် ပိုက်စိပ်တိုက်ကာ ဖမ်းဆီးခဲ့သည့် အဆိုပါ သတင်းအား ယနေ့ည မလေးရှားနိုင်ငံ တီဗွီချင်နယ်များ နှင့် အင်တာနက်စာမျက်နှာများတွင် အောက်ပါအတိုင်း သတင်းထုတ်လွင့်ထားခဲ့ပါသည် ။

အဆိုပါ Massive Dragnet Operation (စုပုံရှင်း) အော်ပရာစီတွင် မလေးရှားနိုင်ငံ၏ Golden Triangle (မလေးရှားရွှေတြီဂံ) ဟု သမုတ်ထားသည့် မြန်မာ ၊ ဘင်္ဂလား ၊ နီပေါ စသော နိုင်ငံခြားသားဆိုင်များ အများဆုံးရှိရာ ကိုတာရာယာ ၊ မိုင်ဒင်းတို့ အနီးပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား စုစုပေါင်း ၁၁၉၈ ယောက်အား ဖမ်းဆီးစစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ကြောင်း ။

အဆိုပါ (၁၁၉၈) ဦးထဲတွင်မှ ပါမစ် မိတ္တူ ပါ နေထိုင်ခွင့်မှန်ကန်သူများ ၊ UNHCR ရုံးမှ အတည်ပြုပေးသော သူများ စုစုပေါင်း ၉၈၃ ဦးအားနေ့ချင်း ပြန်လွတ်ပေးခဲ့ပြီး တရားမဝင် နေထိုင်သူ ၊ ကဒ်အတု ကိုင်ဆောင်သူ စုစုပေါင်း ၂၁၅ ဦးအား ဖမ်းဆီးထားနိုင်ခဲ့ကြောင်း ယနေ့ည သတင်းများတွင် စာရင်း အတိအကျဖြင့်ဖော်ပြသွားခဲ့သည် ။

အဆိုပါ စုပုံရှင်း စစ်ဆင်ရေး အော်ပရာစီကို Dang Wangi ရဲအထူးစစ်ဆင်ရေးပြုလုပ်ရသောအကြောင်းကို ခေါင်းဆောင် Zainol Samah မှ ရှင်းပြမှုမှာ ။....

၁. ရဲစခန်းသို့ သတင်းပို့တိုင်ကြားထားသော တရားမဝင် နိုင်ငံခြားသားများ ပြဿ နာများ များပြားလွန်းခြင်းကြောင့်တစ်ကြောင်း ၊
၂. မြို့လည်ကောင် မြင်မကောင်းအောင် အမှိုက် အညစ်များ သိမ်းမနိုင်ခြင်းကြောင်းတစ်ကြောင်း ၊
၃. နိုင်ငံခြားသား ပမာဏ အလွန်များပြားခြင်းကြောင့် နိုင်ငံသားများ ၏ လုံခြုံရေး အခြေအနေ အတွက် ရှင်းလင်းရန်လိုအပ်နေသောကြောင့် တစ်ကြောင်း ထိုသို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည် ။

အောပ်ရာစီတွင် ရဲ ၁၇၆ ဦး ၊ စည်ပင် အထူးဝန်ထမ်း ၁၇ ဦး ၊ လဝက ၁၃ ဦးတို့ဖြင့် မိုင်ဒင်း ၊ ကိုတာရာယာ ၊ Jalan Tun H.S.Lee , Jalan Silang , KL Central Market , Masjid Jamek ဘူတာ တစ်ဝိုက်တို့အား ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ...

ဖမ်းဆီးရာတွင်လည်း လမ်းဘေးတွင် ပါမစ်မှန်မမှန် စစ်ရန် မဖြစ်နိုင်သည့်အတွက် DBKL ရုံး စစ်ဆေးရေးဝင်း သို့ အားလုံးခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးပြီး မှန်ကန်သူများအားလုံးကို ပြန်လည် လွတ်ပေးခဲ့ကြကြောင်း ။

တရားမဝင် ၂၁၅ ဦး စစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီး ထို ထဲတွင် နီပေါလ် နိုင်ငံသား 120 ဦး ၊ မြန်မာနိုင်ငံသား ၆၀ ဦး တို့ဖြင့် အများဆုံး အဖမ်းခံရသော စာရင်းတွင်ပါဝင်ကြောင်း ...

အခြား ၃၅ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊ အင်ဒိုနီးရှား ၊ ပါကစ်စတန် ၊ ဖိလပိုင် နှင့် အန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း စာရင်း အတိအကျ ကို ယနေ့ ညနေထုတ် သတင်းများတွင် ဖော်ပြထားခဲ့ကြောင်းကို .

မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။

မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy

Ref : Thestaronline ,
Photo : thestaronline ,
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။