Home » , » ပီနန်း မြန်မာနိုင်ငံသားများအား သတ်သည့် တရားခံ ၉ ဦးအား အမိန့်ချပြီ

ပီနန်း မြန်မာနိုင်ငံသားများအား သတ်သည့် တရားခံ ၉ ဦးအား အမိန့်ချပြီ

Written By နေဇော် လင်း on Wednesday, January 14, 2015 | 6:46:00 PM


ပီနန်း မြန်မာနိုင်ငံသားများအားသတ်သည့် တရားခံ ၉ ဦးအားအမိန့်ချပြီ
*******************************************************************
မလေးရှား
သတင်း (14.1.2015)
လွန်ခဲ့သည့် 2014 တစ်နှစ်အတွင်း ပီနန်းတွင် မြန်မာနိုင်ငံသား 18 ဦး အသတ်ခံရပြီးချိန်အထိ ဖမ်းဆီးရမိသော တရားခံ များအနက်မှ လူသတ်မှုနှင့် သက်ဆိုင်သော ပထမ တရားခံ ၉ ဦးအား ပစ်ဒဏ်များချမှတ်လိုက်ကြောင်း ယနေ့ထုတ်မလေးရှား သတင်းစာမျက်နှာများတွင်ဖော်ပြထားသည် ။

တရားခံ ၉ ဦးမှာ ဘိုင်လေးမိုဟာမက်ဂူလမ် (၂၈) ၊ မိုဟာမက်ရဖစ် (၂၈) ၊ ဟာဘီဘူလာ (၂၀) ၊ မိုဟာမက်ရဖီရှဖီး (၂၇) ၊ရာစင် (၂၃) ၊ ဟူစိန်စွလေး (၄၄) ၊ စိုးမောင်မောင် (၂၇) ၊ အလီ (၃၃) ၊ ဟာဖစ်အာမက် (၂၈) တို့ဖြစ်ကာ တရားမဝင် လူစုဖွဲ့ကာ မျိုးအောင် နှင့် အခြားတစ်ဦးအား နိုဝင်ဘာ ၂၃ တွင် သတ်မဖြတ်မှု ကြောင့် လူသတ်မှုဖြင့် အမိန့်ချမှတ်ခံရမည့်သူများဖြစ်ကြောင်း ။

ထို ၉ ဦးထဲမှ မိုဟာမက်ရဖစ် ၊ ဘိုင်လေးမိုဟာမက်ဂူလမ် နှင့် ဟာဖစ် အာမက် တို့ ၃ ဦးအား အခြား မြန်မာနိုင်ငံသား နောက်ထပ် ၃ ဦးအား သတ်ဖြတ် မှုဖြင့် ၂ မှုတွဲအမိန့်ချမှတ်ခံရမည်သူများဖြစ်ကြောင်း ။

အဆိုပါ ၃ ဦး၏ ပထမ လူသတ်မှုဖြစ်သော ၂၀၁၄ အောက်တိုဘာ ၁၅ တွင် Taman Impian Ria, Machang Bubok ရှိစားသောက်ဆိုင်ရှေ့တွင် ထူးအောင်အား သတ်ဖြတ်မှုအတွက်ပါ လူသတ်မှုပစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ။

ထပ်မံပြီး အဆိုပါ ၃ ဦး နှင့်အခြား နောက်ထပ် အလီ တို့ စုစုပေါင်း ၄ ဦး၏ ဒုတိယပစ်မှု မှာ ကျော်သီဟ နှင့် ထွန်းရင်မောင် တို့အား ၂၀၁၄ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Kampung Manggis ရှိ ဆီအုန်းတောတွင် လူစုဖွဲ့သတ်ဖြတ်မှု့ဖြင့် လူသတ်မှု ပစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ။

အဆိုပါတရားခံများ၏ ပစ်မှုအားလုံးအတွက် ရာဇဝတ်မှု ပုဒ်မ 149 ၊ အပိုဒ်ခွဲ 302 အရ လူသတ်မှုထင်ရှားသောကြောင့် သေဒဏ်ကျခံရမည်ဖြစ်ကြောင်း ။ ပစ်မှုအတွက် စွဲချက်များအရ ပစ်ဒဏ်လျှော့ချရန် အကြောင်းအထောက်အထားမရှိကြောင်း ကို ရာဇဝတ်တရားသူကြီး Diannee Ningrad Nor Azahar နှင့် Vijalakshmi တို့ မှ အဆိုပါပစ်ဒဏ်များအတွက် လာမည့် ဇန်နဝါရီ 30 နေ့တွင် အပြီးသတ် ပစ်ဒဏ်ပေးရန်အတွက် အမိန်ချမှတ်ခဲ့ကြောင်း ။

ပြီးခဲ့သည့် 2014 ခုနှစ်၏ နောက်ဆုံး ၃ လအတွင်း မလေးရှားနိုင်ငံ ပီနန်းခရိုင်အတွင်း လူသတ်မှု ကြောင့် ဦးခေါင်းမပါသော ခန္ဒာကို.်၂ ခု ၊ ခြေပြတ် ၄ ချောင်း ၊ ဦးခေါင်း ၂ လုံး ၊ လက် ၂ ချောင်း နှင့် လက်ချောင်းပြတ် တစ်ခု တို့ကို စောင်အဖြူဖြင့်ထုတ်ကာ ပစ်ထားသည်ကိုတွေ့ရှိခဲ့ကြောင်း ။

2014 တစ်နှစ်တည်းအတွင်း လူသတ်မှု 52 မှုရှိခဲ့ကာ မလေးရှားနိုင်ငံသားအသတ်ခံရမှု ၁၈ မှု ၊ အသတ်ခံရသူ ၏ အချက်လက်များကိုဖော်ထုတ်နိုင်သော မြန်မာနိုင်ငံသား အသတ်ခံရမှု ၁၈ မှု ၊ အမည်မသိ ၊ နိုင်ငံသား အဖြစ်မဖော်ထုတ်နိုင်သေးသော အလောင်း ၁၁ လောင်း ကျန်ရှိနေကာ အခြား ၅ မှုမှာ ဘင်္ဂလား ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှားတို့ဖြစ်ကြောင်း ယခု တရားခံများကြောင့် လူသတ်မှု 7 မှု ဖော်ထုတ်နိုင်ခဲ့ကြောင်းကို ယနေ့ထုတ် မလေးရှား နိုင်ငံသတင်းစာမျက်နှာများတွင် ဖော်ပြထားကြောင်းကို

မလေးရှားရောက်မြန်မာနိုင်ငံသားများသိရှိစေရန်တင်ဆက်ပေးရပါသည် ။

ဆက်လက် ဆက်စပ် သတင်းများရှိလာပါက လည်း တင်ဆက်ပေးသွားမည်

မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy

Ref : Thestaronline News 14.1.2015
Photo : Thestar Online News website
 
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။