Home » , , » အင်ဒိုနီးရှား လူမျိုး ၂ ဦး တိုက်ခန်းပေါ်မှ ခုန်ချသဖြင့် အပြင်းအထန် ဒဏ်ရာရရှိ

အင်ဒိုနီးရှား လူမျိုး ၂ ဦး တိုက်ခန်းပေါ်မှ ခုန်ချသဖြင့် အပြင်းအထန် ဒဏ်ရာရရှိ

Written By နေဇော် လင်း on Thursday, January 22, 2015 | 12:53:00 AM

 

တရားမဝင် နေထိုင် သူများ ကို အော်ပရာဇီ ပြုလုပ် စစ်ဆေး ရာတွင် မလက္ကာ တွင် ၅၂ ဦး အဖမ်းခံရပြီး ၊ အင်ဒိုနီးရှား လူမျိုး ၂ ဦး တိုက်ခန်းပေါ်မှ ခုန်ချသဖြင့် အပြင်း အထန် ဒဏ်ရာရရှိ ... 

သတင်း - မလေးရှား - 21.1.2015 

မလေးရှား နိုင်ငံအတွင်း တရားမဝင် အော်ပရာဇီ စစ်ဆင်ရေးကို ပြုလုပ်လျှက်ရှိရာ မလက္ကာမြို့တွင် 21.1.2015 ရက်နေ့ နံနက် 2:45 အချိန်တွင် သတင်းအရ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်သော အဆောက်အဦးရှိ တိုက်ခန်းများကို ဝင်ရောက် စစ်ဆေးရာတွင် နိုင်ငံခြားသား ၂ ဦး သည် အကြောက်လွန်ပြီး အဆောက်အဦး ဒုတိယ အထပ်မှ ခုန်ချသောကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။ 

ဒဏ်ရာ ရရှိသူ ၂ ဦးမှာ အင်ဒိုနီးရှား ရွေ့ပြောင်း အလုပ်သမားများ ဖြစ်ပြီး ထွက်ပေါက်ရရင် အတွက် ဒုတိယ အထပ်မှ အကြောက်လွန်ပြီး ခုန်ချသဖြင့် ဦးခေါင်း ၊ ခြေထောက်တို့တွင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသရန်အတွက် မလက္ကာဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ 

တိုက်ခန်း အတွင်း နေထိုင်သူ နိုင်ငံခြားသား အများစုမှာ UN ကဒ် ကိုင်ဆောင်သူများကို တွေ့ရှိခဲ့ပြီး နိုင်ငံခြားသား အများစု နေထိုင်သော Melaka Tengah ရွှေ့ပြောင်း အခြေချနေသော နေရာများ ၃ နေရာအတွင်း ဘက်ပေါင်းစုံ အော်ပရာဇီ စစ်ဆေးမှုတွင် တရားမဝင် နေထိုင်သူ ၅၂ ဦးအား ဖမ်းဆီးခဲ့သည်။ တရားမဝင် နေထိုင်သူများ ဖမ်းဆီးမှုတွင် အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ နီပေါ များပါဝင်ပြီး တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းများနှင့် အလုပ်လုပ်ခွင့်ပါမစ်များ မရှိကြောင်း သိရသည်။ 

ဖမ်းဆီးခဲ့သော နိုင်ငံခြားသား တရားမဝင် အလုပ်သမားကို ဥပဒေ အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Berita TV9 - Malaysia - မလေးရှား သတင်းတွင် ဖော်ပြထားသည်ကို မလေးရှားနိုင်ငံရောက် ညီအစ်ကို မောင်နှမများ သိရှိစေရန် ဗဟုသုတ ရစေရန် အတွက် ဘာသာပြန်ပြီး တင်ပေးလိုက်ပါသည်။ 

သတင်း - Berita TV9 - Malaysia 
ဘာသာပြန် - နေဇော်လင်း - Free Online Media (Radio & Tv Live) 

NAY ZAW LIN1 @ နေဇော်လင်း 
Free Online Media Malaysia (Radio & Tv Live) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Acc - https://www.facebook.com/nay.zawlin1 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။