Home » , » မလေးရှားတွင် ဖြန့်ဖြူးနေသော မှတ်ပုံတင် မထားသည့် ဂျာနယ်များ အရေးယူခံရနိုင်

မလေးရှားတွင် ဖြန့်ဖြူးနေသော မှတ်ပုံတင် မထားသည့် ဂျာနယ်များ အရေးယူခံရနိုင်

Written By နေဇော် လင်း on Thursday, January 8, 2015 | 1:26:00 AM


မလေးရှားတွင် ဖြန့်ဖြူးနေသော မှတ်ပုံတင် မထားသည့် ဂျာနယ်များ အရေးယူခံရနိုင်
********************************************************************

သတင်း
မလေးရှား (7.1.2015)
ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးမှ မလေးရှားနိုင်ငံတွင်း ရောင်းချဖြန့်ဖြူးနေသော နိုင်ငံခြား ဘာသာစကားသုံး မှတ်ပုံတင်မထားသည့်တရားမဝင်ရောင်းချနေသော ဂျာနယ်များအားလုံးကို သိမ်းဆည်းရန် အတွက့် သက်ဆိုင်ရာ သံရုံးများ အားခေါ်ယူဆွေးနွေးမှု တစ်ခုပြုလုပ်ကာ ရပ်တံ့ သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မလေးရှားနိုင်ငံ သတင်းဌာနများက ကြော်ငြာထားကြောင်းတွေ့ရသည်

အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် ၊ နီပေါ ၊ မြန်မာ ၊ အင်ဒိုနီးရှားစသော ၄ နိုင်ငံသည် မလေးရှားနိုင်ငံတွင်း တရားဝင် ထုတ်ဝေခွင့်လိုင်စင်မရှိပဲ စာရွက်များ ၊ ဂျာနယ်များ ၊ မဂ္ဂဇင်းများ ကို ဖြန့်ချီနေကာ ထိုဂျာနယ်များရှိ ကြော်ငြာများ ၊ ပုံများ ၊ သတင်းများ  အတွက် လိုပ်သော ခွင့်ပြုချက်များမရှိပဲ ထုတ်ဝေခွင့်ပေးမည်  မ ဟုတ်ကြောင်း အဆိုပါသတင်းများတွင်ဖော်ပြထားသည် ။

Deputy Minister Datuk Dr Wan Junaidi Tuanku Jaafar, မှပြောကြားရာတွင် အဆိုပါဂျာနယ်များ ရိုက်နှပ်ထုတ်ဝေနေသာ ပုံနှိပ်တိုက် တော်တော်များများကို ခြေရာခံထားပြီးဖြစ်ကာ ထိုသို့ရိုက်နှိပ်ပေးသော စာပုံနှိပ်တိုက်များ နှင့် ဖြန့်ဖြူးရောင်းချ သူများအား ဖော်ထုတ်ကာ လိုအပ်ပါက တရားဝင်ထုတ်ဝေခွင့်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းများတွင် ပါရှိသည် ။

အဆိုပါ သတင်းစာဂျာနယ်များအတွက် သက်ဆိုင်ရာ သံရုံးများနှင့်တိုင်ပင်ဆွေးနွေးမှုများ ပြီးဆုံးသလောက်ဖြစ်နေကြောင်းကိုလည်း လက်ထောက်ဝန်ကြီးက ပြောပြသွားခဲ့သည် ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သိမ်းဆည်း မိသော နိုင်ငံခြား ဘာသာစကားပါ ဂျာနယ် 1000 ကျော်ကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့ကာ လိုအပ်သော ဆောင်ရွက်မှုများပြုလုပ် နေကြောင်းလည်း သတင်းများကဖော်ပြထားသည် ။

အဓိကအကြောင်းအရင်းအနေဖြင့် အဆိုပါဂျာနယ်များ တွင်ပါဝင်သော တရားမဝင် လုပ်ငန်းကြော်ငြာများသည် မလေးရှားနိုင်ငံ ဥပဒေ နှင့် မညီညွတ်သောကြောင့် ဖြစ်ကြောင်းကိုလည်း ရေးသား ထားကြောင်းကို ...

မလေးရှားရောက်မြန်မာများ နှင့် သက်ဆိုင်သူများ သိရှိစေရန်
ဘာသာပြန်တင်ဆက်ပေးသည်။

မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy

Ref : Thestar Online , Bernama
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။