Home » , » သူငယ်ချင်းတွေနဲ့ အလုပ်အတူ တွဲလုပ်တော့မယ်ဆိုရင် (စာပေ ဗဟုသုတ ဆိုင်ရာများ)

သူငယ်ချင်းတွေနဲ့ အလုပ်အတူ တွဲလုပ်တော့မယ်ဆိုရင် (စာပေ ဗဟုသုတ ဆိုင်ရာများ)

Written By နေဇော် လင်း on Saturday, February 14, 2015 | 12:16:00 PM






သူငယ်ချင်းတွေနဲ့ အလုပ်အတူ တွဲလုပ်တော့မယ်ဆိုရင် (စာပေ ဗဟုသုတ ဆိုင်ရာများ)

(၁) ယုံကြည်မူ ရှိရမယ်

အလုပ်အတူ တွဲလုပ်မယ့် သူငယ်ချင်းကို ယုံကြည်မူ မရှိဘူးဆိုရင် အလုပ်အတူ တွဲပြီးမလုပ်ပါနဲ့။ လုပ်ရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။
လူတစ်ယောက်နဲ့ တစ်ယောက် အတွက် ယုံကြည်မူဆိုတာ အလွန်ပင် လိုအပ်ပါတယ်။

(၂) သူ့ရဲ့အားနည်းချက်ကို နားလည်ပေးရလိမ့်မယ်

အားနည်းချက်ဆိုတာ လူတိုင်း လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိနှင့် အလုပ်အတူ တွဲလုပ်မယ့် သူငယ်ချင်းမှာ အားနည်းချက် ရှိတယ်ဆိုရင်
နားလည်ပေးမှာသာ အောင်မြင်ပါလိမ့်မယ်။

(၃) မိမိထူးချွန်သော်လည်း တစ်ပါးသူ့ကို အနိမ်ချပါနဲ့

တစ်ချို့က ငါ တော်တာပဲ၊ ငါတတ်တာပဲဆိုပြီး တစ်ပါးသူကို ဆက်ဆံတဲ့ အခါမှာ တစ်ဖက်စောင်းနင်း ပြောဆို ဆက်ဆံတတ်လေ့ရှိတယ်။ တကယ်တော့
အဲလိုမလုပ်သင့်ပါဘူး။ မိမိတော်သော်လည်း အသာစီးကနေ မဆက်ဆံသင့်ပါ။

(၄) မိမိတာဝန်ယူထားတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်ပါ

မလုပ်နိုင်တဲ့ အလုပ်ကို တာဝန်မယူပါနဲ့။ လုပ်နိုင်တဲ့ အလုပ်ကိုသာ တာဝန်ယူပါ။ တာဝန်ယူပြီးပြီ ဆိုရင်လည်း တာဝန်ကျေပွန်စွာ အလုပ်လုပ်ပါ။

(၅) ဖေးမကူညီပါ

TeamWork နဲ့ အလုပ်လုပ်တဲ့ အခါမှာ မိမိက တာဝန်ကျေပွန်စွာ လုပ်ကိုင် နိုင်သော်လည်း တစ်ပါးသူ အခက်အခဲတွေကို ဖေးမကူညီ နိုင်ရပါလိမ့်မယ်။
သို့မှသာ လုပ်ငန်းအောင်မြင် ပါလိမ့်မယ်။

(၆) မကဲ့ရဲ့နဲ့ အတင်းအဖျင်း မပြောပါနဲ့

ဒီအချက်ကတော့ Team Work နဲ့ အလုပ်လုပ်သူတိုင်း ကြုံတွေရမယ့် အချက် တစ်ခုပါပဲ။ တစ်ယောက် မကောင်းကြောင်းကို တစ်ယောက် ပြောမယ်။
တစ်ယောက် မရှိရင် တစ်ယောက်ကို ကဲ့ရဲ့တာ ပြစ်တင် ဝေဖန်တာတွေ မလုပ် သင့်ပါဘူး။ စိတ်ဓာတ် ကွဲပြားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Photo by- mgcpuzzles
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။