Home » , » ဗီဇာ အတုဖြင့် ဂျိုဟိုးသို့ပို့ ခံရသည့် အမျိုးသမီး များအား မြန်မာပြည်သို့ ပြန်ပို့နိုင်

ဗီဇာ အတုဖြင့် ဂျိုဟိုးသို့ပို့ ခံရသည့် အမျိုးသမီး များအား မြန်မာပြည်သို့ ပြန်ပို့နိုင်

Written By နေဇော် လင်း on Thursday, February 19, 2015 | 1:32:00 AM


 

ဗီဇာအတုဖြင့် ဂျိုဟိုးပို့ခံရသည့် အမျိုးသမီးများအား မြန်မာပြည်သို့ပြန်ပို့နိုင
*********************************************************************
မလေးရှား
သတင်း (၁၈.၂.၂၀၁၅)

7.2.2015 တွင် မြန်မာနိုင်ငံသား အမျိုးသမီး အလုပ်သမား ၉ ဦး မလေးရှားနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ထိုအမျိုးသမီးများအား ဂျိုဟိုးသို့ပို့ဆောင်ရန် စီစဉ်နေစဉ်တွင် တာဝန်ရှိသူများမှ ယနေ့ဂျိုဟိုးသို့ မြန်မာမိန်းခလေး အလုပ်သမား တင်သွင်းခွင့်ပြုမထားကြောင်း သို့ကြောင့် မည်သည့်အကြောင်းအရင်းဖြင့် ဝင်ရောက်လာသည်ကို စုံစမ်းရာမှ ထို မိန်းခလေး ၉ ဦးအား တရားမဝင်နည်းလမ်းဖြင့် မလေးရှားသို့ ပို့ဆောင်သော အမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း မလေးရောက်မြန်မာနိုင်ငံသားအားလုံး သိရှိစေရန် ယနေ့ သတင်းအဖြစ်တင်ဆက်ပေးရသည် ။

ဖြစ်ပွားပုံမှာမြန်မာနိုင်ငံ ၊ ရန်ကုန်မြို့ ၊ ၃၉ လမ်း - ပြည်ပစွမ်းအား အလုပ်အကိုင်ရှာဖွေရေး ကုမ္မဏီ မှ အမျိုး သမီးအလုပ်သမား ၉ ဦးတို့အား မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ၏ ခွင့်ပြုချက်မရပဲ မလေးရှားနိုင်ငံ ဂျိုဟိုးသို့ ဗီဇာအတု ဖြင့် ပို့ဆောင်ခဲ့သည့် ဖြစ်ရပ် တစ်ခုအား ဖော်ထုတ်ရရှိနိုင်ခဲ့သည့်အတွက် ပင်ဖြစ်သည် .. ။

အဆိုပါ အမျိုးသမီး ၉ ဦးသည် ၇.၂.၂၀၁၅ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် သို့ ဆိုက်ရောက်ခဲ့ကာ ဗီဇာအတုများကို လိုင်းရိုက်ပြီး မလေးနိုင်ငံတွင်းသို့ တင်သွင်းခံခဲ့ကြရသည် ။ ထိုမှ ဂျိုဟိုးသို့ ပို့ရန် ပြင်ဆင်နေခိုက် ဘေးမှ နားလည်သော မြန်မာတစ်ဦးမှ မြန်မာ အမျိုးသမီး များ ဂျိုဟိုးသို့တရားဝင် သွားရောက်လုပ်ကိုင်ခွင့်မရှိခဲ့ကြောင်းပြောပြသောကြောင့် ထိုအမျိုးသမီးများမှ မလေးရှားနိုင်ငံ မြန်မာအလုပ်သမားရေးရာတာဝန်ခံထံ ဖုန်းဆက်စုံစမ်း ခဲ့ကြသည် ။

ထိုသို့စုံစမ်းရာမှ သူမတို့ ၉ ဦး စလုံး သွားခွင့်ပိတ်ပင်ထားသောဂျိုဟိုး သို့ ပို့ဆောင်ခံရကြောင်း သိရသည့် အတွက် တာဝန်ရှိသူများအား အကူညီတောင်းခဲ့ကြရာမှ တရားဝင် ပို့ဆောင်မှု မဟုတ်ကြောင်း တွေ့ရှိ သောကြောင့် ဆက်လက်သွားရောက်ခွင့်မပေးပဲ မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ပေးခဲ့ကြသည် ။

၈.၂.၂၀၁၅ နေ့ အဲ့အေးရှားဖြင့် မြန်မာပြည်သို့ပြန်ပို့ရန် လေဆိပ်မှ အထွက်တွင် လဝက မှ ဗီဇာများ အစစ်မဟုတ်ကြောင်း တွေ့ရှိပြီး ထို အမျိုးသမီး ၉ ဦးလုံးအား စစ်ဆေးရန် ထိမ်းသိမ်းခံခဲ့ကြရသည် ။

ထိုကြောင့် မြန်မာ သံရုံး ရှိ တာဝန်ရှိသူများ မြန်မာအလုပ်သမား ရေးရာ တာဝန်ခံများ မှမလေးရှား သက်ဆိုင်ရာ များ နှင့် ညှိနှိုင်းသောအခါ ဗီဇာအတု ကြောင့် ရင်ဆိုင်ရမည့် တရားရေးဆိုင်ရာများ ၊ အချိန်မှီ ပြန်လည်ပို့ဆောင်ရန် စီစဉ်ပေးမှု များ ရှိခဲ့သောကြောင့် ယခင် ၇၅ ဦးကဲ့သို့ ထောင်ဒဏ် မကျခံခဲ့ရပဲ ယနေ့ မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းကို ကံကောင်းစွာ ရရှိခဲ့ကြသည် ။

ထိုကြောင့် ယနေ့ မလေးရှား နိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများ ၊ လူမှုရေး အဖွဲ့အစည်းများမှ အဆိုပါ မြန်မာအမျိုးသမီး ၉ ဦးအား KLIA 2 မှတဆင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည် ။

အထက်ပါ အဖြစ်အပျက်ကြောင့် မလေးရှားသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ၊ မလေးရှားရှိ မြန်မာနိုင်ငံသားများမှ မိမိတို့ သက်ဆိုင်ရာ ဆွေမျိုး များကို မလေးရှားသို့ ခေါ်ယူခြင်းများ ပြုလုပ်မည့်သူများအနေဖြင့် မြန်မာ နိုင်ငံမှ မလေးရှားသို့ ခေါ်ယူရန် မြန်မာ အစိုးရမှ တရားဝင်ခွင့်ပြုထားသော ကုမ္မဏီ များကို သာ စုံစမ်း စစ်ဆေး ဆောင်ရွက်ကြရန်နှင့် မလေးရှားသို့ ရောက်ပြီး အစစ ကွဲလွဲနေပါက

မြန်မာ အလုပ်သများရေးရာတာဝန်ခံ ဖုန်း - ၀၁၁၂၃၅၀၅၇၁၀

သို့ချက်ခြင်း ဆက်သွယ် တိုင်ကြား နိုင်ကြောင်းကိုလည်း တာဝန်ရှိသူများမှ မြန်မာနိုင်ငံသားများသို့ အသိပေးမှားကြားကြောင်းလည်း သိရှိစေလိုပါသည် ။

ဂျိုဟိုးတွင် လွန်ခဲ့သော ၂၀၁၃ - ၂၀၁၄ နှစ်များအတွက် မြန်မာအမျိုးသမီး ၃ ဦးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သော ဖြစ်ရပ်များ ၊ မြန်မာအမျိုးသမီးများအား အိမ်တွင်းဖွက်ထားကာ မတရား ခိုင်စေမှုများ ရှိခဲ့သောကြောင့် အမျိုးသမီး အလုပ်သမား ပို့ဆောင်ခြင်း အား တားမြစ်ထားသော ဒေသ ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံသားများ သိရှိစေရန် ရေးသားတက်ဆက်ပေးလိုက်ရပါသည်

မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy

ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ Facebook Page
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။