Home » , » မြန်မာပြည်သား (၁၀၂) ဦးကို မလေးရှားနိုင်ငံမှ ခေါ်ဆောင်

မြန်မာပြည်သား (၁၀၂) ဦးကို မလေးရှားနိုင်ငံမှ ခေါ်ဆောင်

Written By နေဇော် လင်း on Friday, March 27, 2015 | 8:43:00 PM

 
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော သူများ စစ်ရေ ယာဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင် မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် မဟာ သီဟသူရသည် မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်း၌ မတ် ၁၇ မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲ သို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာသည်။ 

အဆိုပါစစ်ရေယာဉ်သည် မလေးရှားနိုင်ငံတွင် တရား မဝင်ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁၀၂ ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ မလေးရှားအစိုးရ၏ စီမံချက်ဖြင့် ဖမ်းဆီးခံရ၍ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံနေရသူ များဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့ပြန်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I) ထုတ်ယူ ရရှိထားပြီး လေယာဉ် စရိတ်ကျ ခံနိုင်ခြင်းမရှိသဖြင့် နေရပ်ပြန်ရန် အခက် အခဲကြုံတွေ့ နေရသူများ ဖြစ်ကြောင်း သိရှိရသည်။ 

ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်းလာခဲ့ရာ မိခင်နိုင်ငံ သို့ ပြန်ရန်ကြိုးစားနေ သည့် မြန်မာအလုပ်သမားများအား ကူညီပံ့ပိုးပေးသည့်အနေဖြင့် စစ်ရေယာဉ် မဟာသီဟသူရ အပြန်ခရီးတွင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မတ် ၂၉ ရက် တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Src ref: မြဝတီ 

 NAY ZAW LIN1 @ နေဇော်လင်း 
Free Online Media Malaysia (Radio & Tv Live) Free Online Tv Website - www.nayzawlin.com Free Media Website - www.malaysiaonlineradiomedia.com Free Facebook Acc - https://www.facebook.com/nay.zawlin1 Free 4D Facebook Page - https://www.facebook.com/nayzawlin18 Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။