Home » , » မလေးရှား မြန်မာအလုပ်သမားရေးရာ တာဝန်ခံပြောင်းလဲကြောင်း အသိပေးခြင်း

မလေးရှား မြန်မာအလုပ်သမားရေးရာ တာဝန်ခံပြောင်းလဲကြောင်း အသိပေးခြင်း

Written By နေဇော် လင်း on Tuesday, May 26, 2015 | 7:28:00 PM

 

မလေးရှားမြန်မာ အလုပ်သမားရေးရာ တာဝန်ခံပြောင်းလဲကြောင်း အသိပေးခြင်း ************************************************************************* 

မလေးရှား (သတင်း) ၂၅.၅.၂၀၁၅ မလေးရှားနိုင်ငံသို့ တရားဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမား၏ အခွင့်အရေး ရပိုင်ခွင့်များနှင့် အခြားသက်ဆိုင်သော အလုပ်သမားရေးများ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားရေးရာ သံအရာရှိများ ခန့်အပ်ပေးထားသည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်သည် ။ 

မလေးရှားနိုင်ငံတွင် ခန့်အပ်ခဲ့သော အလုပ်သမားရေးရာ သံအရာရှိများမှာ ၂၀၁၃ - ၂၀၁၄ နှစ်အတွက် Labour Attache ဦးစိုးဝင်း ၂၀၁၄ - ၂၀၁၅ နှစ်အတွက် Labour Attache ဦးမင်းမင်းဝင်း ယခု ၂၀၁၅ ဧပရယ် လမှစတင်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားရေးရာ တာဝန်ခံ မှာ ဦးမျိုးမင်းအောင် ဖြစ်ကြောင်းသိရပါသည် ။ 

သို့ကြောင့် မလေးရှားနိုင်ငံသို့ တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမား များအနေဖြင့် မိမိတို့အလုပ်ခွင်အတွင်း လစာ မပြည့်ဝမှုများ ၊ မတရားစေခိုင်းမှုများ ၊ ဖိနှိပ်မှုများ ၊ ရန်ကုန် အေဂျင်စီများမှ ပို့ဆောင်သော အလုပ် နှင့် ရောက်ရှိလုပ်ကိုင်ရသော အလုပ်ကွဲလွဲမှုများ ၊ လစာ မတူညီမှုများ နှင့်ပတ်သက်ပါက အဆိုပါ အလုပ်သမားရေးရာ သံအရာရှိထံ တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးရပါသည် ။ 

ယခု ၂၀၁၅ အတွက် ဆက်သွယ်နိုင်သော အလုပ်သမားရေးရာ တာဝန်ခံ အရာရှိ၏ ဆက်သွယ်ရန်အချက်အလက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာအလုပ်သမားရေးရာတာဝန်ခံ Labour Attache U Myo Min Aung HP no - 01115438533 , 0172558699 Office - 0342515595 မြန်မာသံရုံး ကွာလာလမ်ပူ ဖြစ်ပါကြောင်း မလေးရှားရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် ထပ်မံဖော်ပြပေးရပါသည် ။ 

Source by : မလေးရှားရောက်မြန်မာများ 
Facebook Official Page www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။